Chapter 126- ပြတ်လုဆဲဆဲ နှောင်ကြိုး

Start from the beginning
                                    

BaiHanQiက ဦးနှောက်ထဲ မီးပွင့်မတတ် စဉ်းစားပြီးတော့မှ အနာဂတ်ကို မျှော်တွေးချင့်ထောက်တဲ့ ပုံစံနဲ့ ပြန်ပြောလာတယ်။ ( သူ့စာရိတ္တပိုင်းကတော့ ပြောစရာမလိုဘူး.. အားလုံးပြည့်စုံတယ်။ သူ့ စိတ်နေသဘောထားကတော့ အရမ်းကောင်းတယ်။ နောက်ပြီး လူအများနဲ့ ပေါင်းသင်းဆက်ဆံရေးကလည်း မဆိုးဘူး ခေါ်ရမှာပေါ့.. ကောင်းသားပဲ)

*.......ဘာမှန်းလဲ မသိဘူး။ အစောက ဘာမှမပြောတာနဲ့ အခုပြောတာ ဘာမှမကွာခြားဘူး... တော်ပြီ။ လေကုန်ခံပြီး မေးမနေတော့ဘူး။ မေးမိတာနဲ့ မမေးဖြစ်တာ အတူတူပဲ*

BaiLuoYinက စောင်ကိုခေါင်းမြီးခြုံပြီး အိပ်ဖို့ ဟန်ရေးပြင်တယ်။

BaiLuoYin လက်မှိုင်ချကာမှပဲ BaiHanQiတစ်ယောက် စကားထပ်ပြောလာပြန်တယ်။

( DaHaiဆိုတဲ့ကလေးကလေ.... ချမ်းသာတဲ့အသိုင်းအဝိုင်းက လာပေမယ့်၊ သူက လူ့ပေါ်ကျော့မဟုတ်ဘူး။ သူက ရည်မှန်းချက်ကြီးတယ်၊ အလုပ်ကြိုးစားတယ်။ ပြီးတော့ ရက်ရောပြူငှာတယ်။ အဖေ အချီးမွှန်းချင်ဆုံး သူ့စရိုက်ကတော့ ရိုးသားပွင့်လင်းမှုပဲ။ သူက ဘယ်တော့မှ ဟန်ဆောင်ပန်ဆောင် မလုပ်တတ်ဘူး။ လူတွေအပေါ် မာယာမသုံးဘူး။ အရင်က အဖေထင်ခဲ့တာက အခုခေတ်လူငယ်တွေက ပေါ့ပေါ့နေ ပေါ့ပေါ့စားတွေပေါ့။ ဒါပေမယ့် အဲ့လိုမဟုတ်ကြမှန်း အခုမှ အဖေသိရတယ်။ အခုခေတ်လူငယ်တွေက အသိတရားရှိကြတယ်။ မရှိတဲ့လူလည်း အချို့တလေ ရှိမှာပေါ့လေ။ ဒါပေမယ့် DaHaiကတော့ ဘွင်းဘွင်းသမားပဲ။ လူဖြစ်ဖြစ်၊ ပစ္စည်းဖြစ်ဖြစ် ကြိုက်ရင် ကြိုက်တယ်.. မကြိုက်ရင် မကြိုက်ဘူးပဲ။ ပြီးတော့ သူ ဘာကြိုက်တယ် မကြိုက်ဘူးဆိုတာကိုလည်း သူ့ဖာသာသူ ခွဲခွဲခြားခြား သိတယ်။ အဖေ့အမြင်ကတော့ သူက စိတ်ထဲက ပါမှလုပ်တယ်... ပြောတယ်။ အေး ပြောပြီးတဲ့ စကားကိုလည်း သေချာပေါက် တည်လိမ့်မယ်)

BaiLuoYin နှုတ်ဆိတ်လျက် နားထောင်နေပြီး မျက်လုံးတွေကို ပြန်ဖွင့်လိုက်တယ်။ နောက် သူမေးလာတာက ( အဖေက လူတစ်ယောက်ကို လူကောင်း လူဆိုးဆိုပြီး သေချာပေါက်ပြောနိုင်လားဟမ်?)

( ပြောနိုင်တာပေါ့ကွ။ အဖေ့ဦးနှောက်က မင်းတို့လောက် ကောင်းချင်မှကောင်းမယ်။ ဒါပေမယ့် လူအကြောင်းကိုတော့ မင်းတို့ထက် ပိုသိတယ်။ အဖေ နေလာတာ အသက်တောင် ဘယ်နှစ်နှစ်ရသွားပြီလဲ? လူပေါင်း ဘယ်လောက်နဲ့တောင် ဆက်ဆံခဲ့ပြီးပြီလဲ? ငါ့သားက ငယ်ပါသေးတယ်ကွာ။ မင်းတို့ ပေါင်းသင်းဆက်ဆံနေတဲ့ လူတွေဆိုတာ လက်ချောင်းအရေအတွက်ထက် မကျော်သေးပါဘူး)

Are you addicted?Book-1 (Myanmar Translation )Where stories live. Discover now