သစ်ပင်ဘေးမှာပေါက်ရောက်နေသည့်မြက်ပင်ငုတ်တိုလေးများပေါ်သို့ သူ့ဖိနပ်ကိုချွတ်ပြီးခုထိုင်လိုက်သည်။

ကျွန်တော်သဘောကျမိတဲ့ အချက်ဟာအာ့တာပဲ။ ဆွန်းလီမှာ တခြားမိန်းကလေးများလို ဟန်ဆောင်မူပိုသည့် အမူအယာမျိုးအားမတွေ့ရ။

ပွင့်လင်းပြီးလက်တွေ့ဆန်သည့်အမျိုးသမီးတစ်ယောက်ဟုစိတ်ထဲထင်မှတ်မိသည်။

“ညီမကသာ ကျေးဇူးတင်တာပါ…တခြားသူငယ်ချင်းတွေက ဂျူတီတွေနဲ့မအားကြဘူးလေ ညီမကလဲခေါင်းသိပ်မာတဲ့သူမလို့ ဒီနေ့ဆိုဒီနေ့လုပ်ရမှကျေနပ်တာ အကိုထယ်ယောင်းသာပါမလာရင် ညီမတစ်ယောက်တည်းအထုပ်တွေနဲ့အရမ်းကြည့်ကောင်းနေမှာပဲ”

ပေါ့ပေါ့ပါးပါးဖြင့်အရွှန်းဖောက်သည့်ဆွန်းလီစကားကြောင့် ထယ်ယောင်းပါအတူရီမောမိတယ်။

မြို့နဲ့အနည်းငယ်အလှမ်းဝေးသည့်နေရာဖြစ်တာမို့ ကားသံ၊လူသံများနှင့်ဆူညံမနေဘဲ အများဆုံးကြားရ ကလေးငယ်တွေရဲ့ ရီမောသံလောက်သာ။

အဝေးတစ်နေရာမှမြင်နေရသည့် တောင်တန်းပြာပြာတွေဟာ စိတ်အစုံကိုကြည်လင်သွားစေသည်။

မြို့ပြရဲ့မွန်းကျပ်မှုတွေကြား အသက်ပင်မနည်းလုရှုနေရသည့်အချိန်မှာ ဒီကကလေးငယ်တွေကတော့ သိပ်ကိုသာယာတဲ့ဒီလိုနေရာလေးမှာတစ်နှစ်ပြီးတစ်နှစ်ကြီးပြင်းနေကြတယ်။

သဘာဝရဲ့တောရိုင်းပန်းလေးတွေမျိုး လှလှပပကြီးပွင့်လန်းနေကြတာ။

“ဒါနဲ့…အကို့ကိုတစ်ခုလောက်မေးလို့ရမလား”

“ဘာများလဲ ဆွန်းလီ”

“ညီမကိုဘယ်လိုမြင်လဲဟင်”

“ဗျာ”

မျက်နှာလေးအနည်းငယ်ရဲနေသည့်ဆွန်းလီဟာ သူမ, မဟုတ်သလိုမျိုးခေါင်းငုံ့ထားသည်။

ဘေးမှမြက်ပင်ငုတ်တိုများကိုပါဆော့ကစားနေသေး၏။

“လူကြီးတွေရဲ့ညီမတို့နှစ်ယော‌က်ကို စီစဉ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အကိုထယ်ယောင်းကအခုထိဘာမှမပြောသေးလို့ပါ အာ့တာ..”

THE FIRST TIME WE MET🌊 [COMPLETED]Where stories live. Discover now