အပိုင်း ၃

Start from the beginning
                                    

"ဟဲ့ နင်ပြောတာကြားသွားလို့လားမသိဘူး ငါတို့ဆီလာနေပြီ "

"မဟုတ်တာဟယ် ဒီကားဝင်းကနင်ပိုင်တာမို့လို့လား သူ့ဟသူသွားချင်တဲ့နေရာသွားမှာပေါ့ "

"သမီးတို့..."

"ရှင်.."

ရုတ်တရက်သူ့အကြောင်းပြောနေရင်း သူကလှမ်းခေါ်လိုက်တော့ သုံးယောက်သား ပြိုင်တူ ထူးမိလိုက်သည်

"သမီးတို့က ပြောင်းလာကြတဲ့ nurse တွေလား အန်တီ့ကိုဆေးရုံကလွှတ်လိုက်တာပါ"

အို ကံကောင်းလိုက်တာ ရှိန်းအမွှန်းတင်လို့မဝ
ကြည့်လို့မဝသေးတဲ့အမျိုးသမီးက သူတို့ဆေးရုံကတဲ့လား

"ဟုတ်ကဲ့ အန်တီ သမီးတို့ပါ "

"ကားပေါ်တတ်ကြကွယ် လာကြိုမဲ့သူက ‌ခွင့်ယူထားလို့ အန်တီလာလိုက်တာ အဆင်ပြေရဲ့လား "

"အာ ပြေပါတယ်အန်တီရဲ့"

ကားပေါ်ကို ပစ္စည်းတွေတင်ပြီး ကားဝင်းထဲက‌ေနကား‌ေလးကတရွေ့ရွေ့ထွက်ခွာသွားတော့သည်

"သမီးတို့နာမည်ဘယ်လိုခေါ်ကြလဲ အော် မိတ်ဆက်ဦးမယ် အန်တီက ဒေါ် နန်းခင်ထားမောင်တဲ့ သားဖွားဆရာဝန်ပါ "

"သမီးကမေဦး သူက နေခြည် သူကတော့ ရှိန်းရည်မွန်သက် ပါ ဆရာမကြီး "

"အပြင်မှာတွေ့ရင်တော့ အန်တီ လို့ပဲခေါ်ပါကွယ် ဆရာမကြီးဆိုရှက်စရာကြီး ဟီးး"

ဟော ဟာသလည်းပြောတတ်သေးသည်လား

"မေဦးနဲ့နေခြည်က နာမည်တိုတိုလေး ခေါ်ရတာအဆင်ပြေတယ် ဟိုတယောက်ကဘယ်လိုခေါ်ရမလဲ "

ကားဘက်မှန်ကနေ လှမ်းကြည့်ပြီးပြောလိုက်တော့ ဘက်မှန်ကနေတဆင့် အန်တီ့ကိုငေးနေတဲ့ မျက်လုံးတစုံနဲ့ အကြည့်ချင်းဆုံသွားမိသည်

"ရှင် ဟို ကြိုက်သလိုခေါ်ပါ ရပါတယ် "

"ရှိန်းရည်မွန်သက်နော် အသက်လို့ခေါ်မယ် ရတယ်မလား " ခပ်ရေးရေးလေးပြုံးပြီး ပြောလိုက်သည်

"ဟုတ်ကဲ့ရပါတယ်အန်တီ ခေါ်ပါ "

"သူ့ကိုလေ အသက်လို့ခေါ်တာ အန်တီပထမဆုံးပဲသိလား သိတဲ့သူဆို  ရှိန်းလို့ပဲခေါ်တာ "

"ဟုတ်လား အဲ့တာဆို အန်တီက အသက်ရဲ့ ပထဆုံးအမျိုးသမီးပေါ့ "

"ရှင်!!!! .."

"အယ် ဘာလို့လန့်သွားတာလဲ အသက်လို့ခေါ်တဲ့ပထမဆုံးလူလို့ ပြောတာ "

"အော် ဟုတ်ကဲ့ အန်တီ အဲ့နာမည်လေးကြိုက်ပါတယ် "

အန်တီကသဘောရိုးပြောလိုက်ပေမဲ့ရင်ထဲကလိကလိဖြစ်နေတဲ့ရှိန်း

အစိုးရကချပေးတဲ့ nurse ဆိုတော့ အချိန်တန်ရင်ဟို‌ေပြာင်းဒီပြောင်းမို့လို့ သံယောဇဉ်တွေမတွယ်ချင်ပါဘူးအန်တီရယ်

ငယ်သူမို့ (completed)Where stories live. Discover now