ep-21🌟

242 29 10
                                    

[Unicode]ဝမ်းနည်းစေတဲ့အရာကိုကြိုမတွေးမိတဲ့ကောင်လေးက...
အရာရာမှာနှစ်ယောက်တည်း...
ပျော်ရွှင်စရာတွေနဲ့သာလျင်ပြည့်နှက်နေလေရဲ့...
သူချစ်မယ်...
သူဂရုစိုက်မယ်...
စကားတွေပြောမယ်...
လျောက်လည်ကြမယ်...
ရီနေတဲ့အခါမှာအားဖြည့်ပေးပြီး...
ငိုနေတဲ့အခါမှာ...
ရင်ခွင်ကြီးကိုသူ့အပိုင်ပေးထားပြီး...
လူတတ်ကလေးလုပ်ကာ
မတောက်တခေါက်စာသားလေးတွေနဲ့...
နားလည်အောင်ဖြည်းဖြည်းချင်းချော့မယ်...
အားပေးစကားလေးတချို့နဲ့နှလုံးသားတစ်ခုလုံးကိုအပိုင်ပေးပြီး...
ကျောပြင်လေးကိုလက်ယှက်ကာတယုတယပွေ့ဖက်ထားပေးမယ်...
တူတူငိူမယ်...
တူတူရယ်မယ်...
ဒီလောက်ပါဘဲ...
ဘဝကတိုတိုလေးလိုမျိုးအများကြီးဂရုစိုက်ပေးပြီးချစ်ပြမယ်..
အချစ်ခံလေးမှာသူတစ်ယောက်တည်းရှိနေသလိုမျိုး...
ပန်းနုရောင်ဆံသားလေးတွေကိုဖြေးဖြေးချင်းဖွကာ...
အများကြီးပြုံးပြမယ်...
တစိုက်မတ်မတ်နဲ့ချစ်သွားချင်ပြီး...
ထိုကောင်လေးပျော်နေရင်ပဲရပါပြီ...
သူရယ်...ကိုယ်ရယ်...

အပြာရောင်ရပ်ဝန်းမှာသူတို့နှစ်ယောက်တည်း...
သူ့စိတ်တွေဝေဝါးမနေ...
ငြိမ့်ငြောင်းတဲ့အချစ်တွေကိုပိုင်ဆိုင်ထားတဲ့...
လိပ်ပြာလေးဟာပန်းလေးအနားမှာသာတဝဲလည်လည်.....။

"မင်ရေ"
"လာပါပြီကွာ"
"သွားမယ်နောက်ကျတော့မယ်"
ဆိုပြီးဂျီမင်လက်ကိုဆွဲပြီးတစ်ဖက်ကဂျီမင်အိတ်ကိုကိုင်ပြီးအခန်းထဲမှအမြန်ထွက်လာသည်...
"ဖြေးဖြေးသာသာလုပ်ပါထယ်ရာ"
"မင်ကလည်းဒီနေ့နောက်ဆုံးနေ့မလို့...
ကျောင်းလည်းစောစောသွား...
စာမေးပွဲလည်းစောစောဖြေပြီး...
မြန်မြန်လျောက်လည်ချင်နေပြီ..."
"ဟုတ်ပါပြီ...ထယ်ရယ်...သွားမယ်သွားမယ်"
"ရော့ကိုယ့်အိတ်ကိုင်ပေးခဲ့အုံး...ကိုယ်စီးမယ်"
"အေးအေး"ဆိုပြီး
ဂျီမင်လည်းအိတ်ကိုသာအမြန်ယူလိုက်ပြီး...
ထယ်ယောင်းနောက်ကထိုင်လိုက်လာလိုက်သည်...
.
.
စာမေးပွဲဖြေပြီးလည်းထွက်လာရော...
"မင်ဖြေနိုင်လား"
"ဖြေနိုင်ပါတယ်...ထယ်ရော"
"ကိုယ်ကဖြေနိုင်ပါတယ်...မင်ကနောက်ကျမှထွက်လာတော့ကိုယ်ကစိတ်ပူနေတာ"
"မင်ဖြေနိုင်ပါတယ်...အိပ်ပျော်သွားလို့ပါ...
အကုန်ဖြေပြီးသွားတော့အိပ်ချင်တာနဲ့...ဟီး"
"မှန်မှန်ပြော...မင်မနေ့ညကစောစောမအိပ်ဘူးလား"
"နည်းနည်းလေးပဲနောက်ကျသွားတာပါ...
စာတွေပြန်နွှေးနေတာနဲ့"
"မင်ကလည်းတစ်နေ့ခင်းလုံးလည်းကျက်ပြီးသားကို...
ရပြီးသားစာတွေကို...
အိပ်ရေးပျက်မခံပါနဲ့ဆို...
မင်းသိလားငါလေမင်းကိုသေးသေးလေးကစဘာဆိုဘာမှမထိရက်မကိုင်ရက်လေးစိတ်ပူတယ်ဆိုတာကို...
မင်းကတကယ့်အချစ်ခံလေးမို့...
မင်းသာတစ်ခုခုဖြစ်သွားမယ်ဆိုငါတင်မကဘူး...
မင်းမေမေရော...
မင်းမသိတဲ့တခြားလူတွေမင်းကိုချစ်တဲ့လူတွေအများကြီးရှိနေနိုင်တယ်
အချစ်ခံဆိုတဲ့ဖြစ်တည်မှုနဲ့မင်းကဘာဆိုဘာမှဖြစ်လို့မရဘူးနော်"
"အိပ်ရေးပျက်တာလေးကို"
"အိပ်ရေးပျက်တာလေးကစငါစိတ်ပူလို့ပေါ့ကွာ"
"ဘယ်သူကအချစ်ခံလဲ...
ငါမသိငါမမြင်ဖူးတဲ့ဘယ်လိုလူမျိုးကငါ့ကိုချစ်မှာမို့လို့လဲ"
ထယ်တကယ်စိတ်ပူနေသည်မို့...
သူခေါင်းငုံ့လျက်သာတိုးတိုးလေးပြောနေမိသည်...
"မင်းကရှေ့မှာရှိနေတဲ့လူတောင်မမြင်ရတာ...
မင်းမမြင်ဖူးတဲ့တစ်ချို့လူတွေမင်းကိုမေတ္တာတွေထားနေမယ်ဆိုရင်ရောမင်းကသိမှာမလို့လား..."
"သိတယ်"
"ဘာသိတာလဲ"
"ငါ့ကိုငါ..
မင်းကိုတော့မသိဘူး...
ဘယ်သူကငါ့ကိုချစ်မှာ...
ငါမသိတဲ့လူတွေက...
ထားပါ...ဘာပဲဖြစ်ဖြစ်ငါကိုချစ်ပြီးစိတ်ပူပေးတဲ့...
မင်းရယ်မေမေရယ်ငါ့ပတ်ဝန်းကျင်လူတွေကိုငါချစ်ပါတယ်...
မင်းပြောသလိုငါတောင်မသိတဲ့လူတွေငါ့ကိုမေတ္တာထားပြီးစိတ်ပူပေးမယ်...
အေးကွာ...တကယ်ရှိနေခဲ့မယ်ဆို...ငါကိုယ့်ကိုယ်ကိုယ်ဂရုစိုက်မှာပါ...
ငါကိုချစ်တဲ့လူတွေကိုငါလည်းချစ်ပါတယ်"
"မင်းကိုမေတ္တာထားတဲ့လူတွေက...
မင်းမမြင်နိုင်တဲ့ကမ္ဘာကြီးတစ်ထောင့်တစ်နေရာမှာရှိနေနိုင်တယ်"
"အေးပါကွာ...
အခုတော့သွားရအောင်"ဆိုပြီး...
ဂျီမင်လည်းထယ်ယောင်းကိုသာအတင်းဆွဲခေါ်လာလိုက်သည်...

ကြယ်တွေမစုံတော့ရင်Where stories live. Discover now