" ဒယ်ဒီပဲကျွန်တော်အကြောင်းသိတယ်ဆို အဲ့ကိစ္စကျ ကျွန်တော်ဘာပြောလိုက်မလဲ ဘာလို့မသိတာလဲ ၊ တကယ်ပဲဒယ်ဒီမသိတာလား "

" ဟိတ်ကောင် !! "

" အဟွန့် ..."

နီမြန်းနေတဲ့ဒယ်ဒီမျက်နှာက ဒေါသကြောင့်လား ရှက်ရွံ့ခြင်းကြောင့်လား သူ မပြောတတ်ပေမယ့် သေချာတာတော့ ဒယ်ဒီ ဒေါသကိုသူအဆုံးစွန်ထိရောက်အောင် နှိုးဆွလိုက်တာပင် ။

" ငါ့သားဖြစ်နေတဲ့အတွက် ငါမင်းကိုနောက်ဆုံးအကြိမ်သတိပေးလိုက်မယ် ၊ ရပ်ဝန်းကိုထပ်ပြီးမနှောင့်ယှက်နဲ့ ၊ အေ မင်းကြောင့်ရပ်ဝန်းစိတ်အနှောင့်အယှက်ဖြစ်တယ်ထပ်ကြားရင် မင်းကို အမွေခွဲပေးပြီး သားအဖြစ်ကနေအပြီးကန်ချပစ်မယ် ကြားလား "​

ဒီစကားတွေက မနေ့က ဒယ်ဒီသူ့ကိုပြောခဲ့တဲ့စကားတွေဖြစ်သည် ။ သူ့ကိုဆိုပြောလိုက်ရင်အတုံးလိုက်အတစ်လိုက်နဲ့ တစ်ပြားသားမှရစရာမရှိ ။ နှောက်ယှက်ရင်အမွေခွဲပြီး သားအဖြစ်ကနေကန်ချပစ်မယ်တဲ့...။

ဘာမထီကို ဒီလိုခြိမ်းခြောက်လို့ ရရိုးလား ။ အထိမခံလေ သူပိုလုပ်ချင်လေမို့ အထိုးခံလိုက်ရ၍ပေါက်ပြဲသွားတဲ့ နှုတ်ခမ်းစကို လက်မနဲ့တို့ထိကြည့်ရင်း မဲ့ပြုံးပြုံးလိုက်သည် ။

သားအဖြစ်ကန်ချတော့လည်း ဘာဖြစ်လဲ ။
အဲ့လူကို ယူပြီး အဖေသမက်အနေနဲ့ပြန်တက်တာပေါ့ ။
ဘာများခက်နေမှာမို့လဲ ဟွန့် ! ။

~*~*~*~*~*~*~*~*~*~*~*~*~

" အိမ်မှုကိစ္စကိုလည်းမင်းဘာသာဒီလိုပဲလုပ်နေကျလား ရပ်ဝန်း "

" ကျွန်တော်ဘာသာမလုပ်တော့ဘယ်သူခိုင်းရမှာလဲ ကြီးကြီး "

" တခြားသူခိုင်းပေါ့ မင်းပင်ပန်းတာ ကြီးကြီးမှမမြင်ရက်တာ "

ကိုယ်တိုင်ချက်ပြုတ်နေတဲ့ ရပ်ဝန်းအား ဒေါ်ကြီးတင်ချစ်မျက်စောင်းထိုးလိုက်သည် ။ ရပ်ဝန်းကတော့ပြုံးလျက် ...

" ခါတိုင်းလည်းလုပ်နေကျပါကြီးကြီး ၊ ကျွန်တော်အတွက် ဒီအလုပ်လေးကအပန်းမကြီးပါဘူး နိုင်ငံခြားမှာနေတုန်းကလည်းကျွန်တော်တစ်ယောက်တည်းနေခဲ့တာပဲ "

Barmahti ( Ongoing )Where stories live. Discover now