အဲ့အချိန်မှာပဲ နောက်ဆုံးတော့ လီချန်းရင်က တစ်ခုခုပြောလာတယ် ။
" မင်းဘယ်သွားမလို့လဲ ?"
" ငါ့နန်းဆောင်ကို ပြန်အိပ်မလို့ ...."
ငါလျှာတွေကတောင် ထုံနေလို့ စကားပြောရင်းနဲ့တောင် လျှာတောင်ကိုက်မိလုမတတ်ပဲ ။
"မင်းကဝက်လား နေရာတကာလျောက်အိပ်နေရအောင် ၊ အဲ့လိုမျိုးတောင် လှဲ ပြီးအိပ်နေနိုင်တာ ၊ ငါမင်းကို နှိုးဖို့ကြိုးစားသေးတယ် ၊ ဒါပေမဲ့ မင်းမှ မနိုးတာ "
ငါ မျက်ဖြူလှန်ပြလိုက်ပြီးပဲ ကိုယ့်ကိုကိုယ်သည်းခံလိုက်ရတယ် ။ ဒီလူက နည်းနည်းသက်သာလာတာနဲ့ ငါနဲ့စကားများရန်ဖြစ်ဖို့ ဒီလောက်အားတွေတောင်ရှိနေပါပေါ့ ။
လီချန်းရင်က သူအိပ်ယာကို ပုတ်ပြလာတယ် ။
"ဘာလဲ ?"
"မင်းအိပ်ချင်နေတာမဟုတ်ဖူးလား ? ဒီအိပ်ယာက
ကျယ်တော့ ဆန့်ပါတယ် "သူ့အိပ်ယာကတော်တော်ကြီးတယ် ။သာမန် အိပ်ယာနဲ့ယှဉ်လိုက်ရင် လီချန်းရင်ရဲ့အိပ်ယာက အတော်လေးကိုကြီးတာ ၊ လူရှစ်ယောက်ကနေ ကိုးယောက်လောက် အဲ့အိပ်ယာပေါ်မှာအိပ်လို့ရလောက်တယ် ။
ဘယ်လိုပဲ ဖြစ်ဖြစ် အဲ့တာက အဓိကအချက်တော့မဟုတ်ဘူးလေ ။
ငါမနေနိုင်မထိုင်နိုင်မေးလိုက်မိတယ် ။
" နင်ငါ့ကို နင်နဲ့အတူအိပ်စေချင်လို့လား ?"
"မင်းဒီမှာ မအိပ်ဖူးတာလည်း မဟုတ်ပဲနဲ့ " လို့လီချန်းရင်က ပြန်ပြောတယ်။
အဲ့တာက အမှန်ပဲ ။
ငါ အရမ်းပင်ပန်းနေခဲ့တာနဲ့ ၊ အိပ်ယာပေါ်ကိုတက်လိုက်တယ် ။ အစက လီချန်းရင်က ငါ့ကို စောင်တစ်ဝက်ခွဲပေးပေမဲ့ ၊ ငါမတော်တဆ သူ့ဒဏ်ရာကို ရိုက်မိမှာ စိုးရိမ်တဲ့အတွက် ၊ စောင်ကို သူ့ဒဏ်ရာကို ကာဖို့အတွက် ခုထားလိုက်တယ် ။
အဲ့နောက် ငါသက်တောင့်သက်သာ အိပ်ပျော်သွားခဲ့တာပဲ ။
ပြီးတော့ ယုန်ညန်က ငါ့ကိုတိုးတိုးလေးလာနှိုးတော့ ၊ ငါ အဝတ်အစားတွေကို တိတ်တဆိတ်အသံမထွက်အောင် ဝတ်လိုက်တယ်။
YOU ARE READING
Eastern Palace (Goodbye my princess Myanmar Translation)
Historical Fiction🦊🏜️ ကောင်းကင်ဘုံ၏ အကြီးမားဆုံး သော အပြစ်ဒဏ်မှာ အရာရာကို မေ့ပစ်လိုက်နိုင်စွမ်း မဟုတ်ခဲ့ပဲ အရာအားလုံးကိုအမြဲ တစေ မှတ်မိနိုင်စွမ်းသာ ဖြစ်၏။ ________________________ ❗❗❗ I don't own this novel. This is fan translation . Fully credit to original autho...
အပိုင်း ၁၄
Start from the beginning