*ဟူး ... စိတ်တော့မဆိုးသွားပါဘူးထင်တယ်*

ထို့နောက်ကောင်လေးက ထကာ ဝရံတာဘက်ထွက်သွားသည်။
ဒူးအထက် ဘောင်းဘီတိုကိုဝတ်ထားတဲ့ ကောင်လေးရဲ့ ခြေတံသွယ်လေးတွေက သူ့ကို ဆွဲဆောင်နေသယောင်ပင် ။
မရိုးမယွစိတ်ကို ထိန်းချုပ်ကာ ပန်းကန်တွေကို သိမ်းဆည်းပြီး ဆေးကြောလိုက်တဲ့ Yoongi။

ထို့နောက် ကောင်လေးဘေးနားသွားကာ လက်ရန်းပေါ်လက်တင်ရင်း ကောင်လေးငေးကြည့်နေတဲ့ ကောင်းကင်ပေါ်က ကြယ်တွေကို Yoongi လည်းငေးကြည့်နေမိသည်။

အတန်ကြာမှ Yoongiဘက်ကပင် စကားစသည်။
"မင်းအိမ်ကို လှမ်းမပြောတော့ဘူးလား"

"​ဒီည ကျောင်းကစာကြည့်တ်ိုက်မှာညဥ့်နက်မယ်လို့ လှမ်းပြောပြီးပြီ"

ကောင်းကင်ကိုမော့ကြည့်ရင်းပင်ပြန်ဖြေတဲ့ ကောင်လေးအား Yoongi ဘေးတိုက်ငေးကြည့်နေမိသည်။

တဖြူးဖြူးတိုက်ခတ်နေတဲ့လေကြောင့် လွင့်ကျနေတဲ့ ဆံသားလေးတွေကို သိမ်းပေးမိတော့ သူ့ပခုံးပေါ်မှီကျလာတဲ့ ကောင်လေးရဲ့ခေါင်း။

အထက်တန်းကျောင်းသားလေးဆိုပေမယ့် ထိုကောင်လေးရဲ့အရပ်က Yoongiနဲ့မတိမ်းမယိမ်း ၊ နောက်ဆိုသူ့ထက်ပင် ရှည်သွားမလား မပြောတတ်။

"Yoongi ... ဟိုး အပေါ်ကကြယ်တွေက သိပ်လှတယ်ထင်ရတယ်နော်"

"အင်း"

"ဒါပေမယ့် အမြင့်မှာနေရတာ သူတို့တော့မသိဘူး .. ကျွန်တော်တော့ပင်ပန်းတယ်"

"....... "

"ဘာမဆို တော်နေအောင် ၊ တတ်နေအောင် အချိန်ပြည့်လေ့ကျင့်ယူနေရတာ တကယ်ပင်ပန်းတယ်။ ကျွန်တော်က စက်ရုပ်မှမဟုတ်တာ"

ခပ်အေးအေးလေးပြောနေတဲ့ကောင်လေးရဲ့အသံထဲမှာ ရောယှက်နေတဲ့ ပင်ပန်းမှုတချို့။

သူ့ပခုံးကိုမှီနေတဲ့ ကောင်လေးကို ပခုံးကနေဖက်ထားလိုက်ပြီး

"အဲ့တာဆို အခုနားလိုက် ... ငါက မင်းရဲ့နားခိုရာကြီးဖြစ်ပေးမယ်"

Heartbeat Of Kiss (Completed)Onde histórias criam vida. Descubra agora