အပိုင်း(၂၅)

Start from the beginning
                                    

ညံနေအောင် အားပေးနေကြသည့်   လူအုပ်
ပရိသတ်ကြီး၏ ဟစ်ကျွေးသံအဆုံးမှာ  ထိုယှဉ်ပြိုင်မှုကြီးကလည်း  ပြီးစီးဖို့  နီးကပ်လာခဲ့သည်။  စတာထွက်ရာ  နေရာကို အပြိုင် ကူးခတ်လာကြသည့်  ရေကူးအားကစားသမားများမှာ  တာထွက်နေရာ ရောက်ဖို့ အပြိုင် ကူးခတ်နေကြရင်းနှင့်   နီးကပ်လာပြီ ဖြစ်သည့် ရေကူးအားကစားသမားတစ်ဦး။  ထိကပ်သွားသည့် တာထွက်အမှတ်မှာ ထိုအားကစားသမားဟာ
ဒီပြိုင်ပွဲကြီး၏ chmpionဖြစ်ခဲ့သည်။

"Congrate ---! Sofei"

"Thank you daddy"

ခေါင်းစွတ်ကို ချွတ်လျှက်နှင့်ပင် daddyကို ကျေးဇူးတင်စကားလိုက်သည်။ အသီးသီး ဂုဏ်ပြုပေးကြသည့် စကားသံများကိုလည်း ကျေးဇူးတင်စကား ပြောရင်း  Sofeiလေး
သူမ၏ ​အောင်နိုင်မှုကို  ဂုဏ်ယူနေသည်။

"Aparနဲ့ ကြည်နူးလေး သိရင်လည်း ပျော်နေမှာ"

စိတ်ထဲ တွေးလိုက်ပြီး ပြီးရင် ဖုန်းခေါ်ရမယ်။

"Sofei Congratulation --! "

လက်ထဲ ရောက်လာသည့် ပန်းစီးတစ်ခုနှင့် အတူ ကြားလာရသော ဂုဏ်ပြုစကားသံများ။
တည်ကြည်လှသည့် အသံနှင့်  သူမ မော့ကြည့်
သည့်  ထိုလူသားဟာ သူမ မမျှော်မှန်းထားသည့် လူသား။  အတူပါလာသည့်   မထင်မှတ်ထားသူများနှင့်  ထပ်မံကြားလာရသော ဂုဏ်ပြုစကားသံများစွာ။

"Congratulation ---! ညီမလေး"

သံပြိုင်  ပြောလာကြသည့် စကားလုံးများစွာတွင် သူမ ကြောင်အမ်းနေမိသည်။

"မီး--! ကိုကိုတွေကို ကျေးဇူး ပြောလိုက်လေ"

daddy ၏ အသိပေးစကားသံကြားမှ Sofei ကျေးဇူး စကား တုံ့ပြန်ဖို့ အမှတ်ရသည်။
ထင်မှတ်မထားခဲ့ရျ် ရောက်ရှိလာသည့် သူများကိုတော့  Sofei မှာ အံ့ဩနေရသည်။

"ညီမလေး  ကိုကိုတို့ကို တွေ့ရလို့ မပျော်တော့တာလား"

"မဟုတ်--! မဟုတ်ပါဘူး။ ကိုကြီးခန့်  ။ မီး ပျော်ပါတယ်။ မီး မထင်မှတ်ထားလို့ပါ"

ရယ်လာကြသည့်  စားပွဲဝိုင်းရှိ လူစုံ။
ကော်ဖီသောက်ရင်း  ရှက်သွားသည့် Sofei လေးမှာ  ပါးလေးတွေရဲရင်း ကော်ဖီခွက်စီ၌သာ အကြည့်ထားတော့သည်။

"ပြတ်ရျ် မပြေခဲ့သော ကြိုး---"🌄(completed)Where stories live. Discover now