အပိုင်း(၁၀)

1.9K 111 7
                                    

"ကိုရှိန်း ကလေးတွေ ရောက်နေပြီ။"

"အင်း အင်း လာပြီ ပွင့်ဖြူ"

ရှိန်း baking လုပ်နေရာမှ လက်စသတ်လိုက်ပြီး ထုတ်ပိုးထားတဲ့ အိတ်လေးတွေကိုပါ ယူလိုက်ကာ အရှေ့သို့ ထွက်လာလိုက်သည်။ မင်းဆက် ပြိုင်ပွဲသွားရမှာဖြစ်ရျ်  သူကလေးတွေကို တစ်ပါတ်လုံး ခေါ်ထားရမည်ဆိုတာကို  ပွင့်ဖြူတို့သိသည်။ စစပြောချင်းတုန်းက နှစ်ယောက်လုံး အံ့ဩသွားပေမယ့် နောက်တော့  ရှိန်းကို ဘာမှမပြောတော့။

"sorry ကျွန်တော် နည်းနည်း ကြာသွားတယ်။ခန့် တို့ လာလေ--"

"ဟုတ်ကဲ့ ဦးဦး--"

ရှိန်း ခေါ်လိုက်တော့  ကလေးသုံးယောက်လုံးက
မင်းဆက် အနားကနေ ရှိန်းအနားသို့ လျှောက်လာသည်။

"ဦးခွန်နောင်မင်းဆက်--! ဦးခွန်နောင်မင်းဆက်--! "

"ဖေဖေ--! ဖေ--!"

ရှိန်း မင်းဆက်ကို ခေါ်နေပေမယ့်  ပြန်မထူးလာသည့်  မင်းဆက်ကြောင့် ရှိန်းရော ကလေးတွေပါ ခေါ်မှ မင်းဆက် က

"အင် အင်း" ဆိုပြီး  ထူးလာပြီးမှ

"ရှိန်း--"

မင်းဆက်  ရှိန်းရဲ့ ပါးပေါ်မှာ ပေနေတဲ့ ဂျုံမှုန့်စလေးတွေကို   သူ့ရဲ့ အိပ်ကပ်ထဲမှာရှိနေ တဲ့ လက်ကိုင်ပုဝါလေးနဲ့ သုပ်ပေးလ်ိုက်သည်။

"ရပါတယ် ကျွန်တော်ဘာသာ လုပ်လိုက်ပါ့မယ်"

" ဂျုံမှုန့် တွေပေနေလို့"

မင်းဆက် က ရှိန်းစကားကို လက်သင့်မခံပဲ
လက်ကိုင်ပုဝါနှင့် သုပ်ပေးနေသည်။ ရှိန်းမှာတော့  အိုးတို့အန်းတန်း နှင့် ရပ်နေရသည်။
Alexကတော့  ကောင်တာကနေသာ ရပ်ကြည့်နေပြီး  ပါးစပ်ကြီး ဟထားပြီး အံ့ဩနေသည်။ 

မင်းဆက် ရောက်လာထဲက  ရှိန်းကို ရှာနေတာ။
သို့ပေမယ့် တစ်နေရာမှာမှ မတွေ့ ။ ခဏကြာတော့မှ ရှိန်းက  အထဲကနေ ထွက်လာသည်။ ထွက်လာတော့လည်း apron အဖြူရောင်လေးနဲ့ ဖြစ်ပြီး လက်ထဲလည်း အိတ်ထုပ်တွေကိုင်ထားကာ ပါးတွေမှာလည်း ဂျုံမှုန့်တွေ ပေနေသည်။
ရယ်လိုက်တိုင်း တက်တက်လာတဲ့ မှည့်နက်လေးနဲ့ ဂျုံမှုန့်လေးတွေကြောင့် ရှိုန်းက ချစ်စရာကောင်းနေပြီး    half စီးထားသည့် ဆံသားလေးတွေနှင့်လည်း အတော်မှ လိုက်ဖက်နေရျ် မင်းဆက်   မှင်သက်နေမိတာ ။  ရှိန်းက ဒီနှစ်တွေအတွင်းမှာမှ ပိုပြီးကို ချစ်ရာကောင်းလာသည်။အသက် နောက်ပြန် သွားတယ်ဆိုတာ ရှိန်းလိုလူကို ခေါ်သည်သာ ဖြစ်ရမည်။

"ပြတ်ရျ် မပြေခဲ့သော ကြိုး---"🌄(completed)Where stories live. Discover now