ရင်ခွင်ထဲမှာ မှေးစက်နေတဲ့ ချစ်ရသူကြောင့် မင်းဆက် နှုတ်ခမ်းပါးတွေ လှုပ်ခတ်သွားရပြီးချစ်ရသူကို အနမ်းတစ်ပွင့် ပေးပြီးမှ သူ နိုးထလိုက်သည်။ ချစ်ရသူ အိပ်နေတာလေး ပျက်သွားမည် ဆိုးလှသဖြင့် လက်လေးကို အသာရုတ်ပြီးမှ ချစ်ရသူကို ခေါင်းအုံးပေါ်သို့ တင်ပေးလိုက်သည်။ ထို့နောက်မှ သူလည်း ထလိုက်ပြီး ကိုယ်လက်သန့်စင်ဖို့ရာ ရေချိုးခန်းသို့ ဦးတည်လိုက်တော့သည်။
"ဖေဖေ--!"
"ဖေငယ်--!"
အခန်းထဲဝင်လာပြီး သူနဲ့ ရှိန်းကို ရေရွတ်ကာ ခေါ်နေကြတဲ့ အသံစာစာလေးတွေကြောင့် မင်းဆက် သားတွေကို ရှူး---!တိုးတိုး ဟု သာ လုပ်ပြလိုက်ပြီး
"မင်းတို့ ဖေငယ် အိပ်နေတယ်။မဆူကြနဲ့--!"
"ဖေငယ်က အားကစားလုပ်မှာ မလိုက်ဘူးလား --?"
"လိုက်ဖြစ်မှာ မဟုတ်ဘူး "
"ဘာလို့လဲ--?"နေ့တိုင်းအတူ သွားနေကြကို--!"
မနက်တိုင်း ကလေးတွေနှင့်အတူ အားကစား လုပ်ကြပြီး ရှိန်း မလိုက်ဖြစ်ဟု ပြောလိုက်သည်နှင့် ကလေးတွေက စိတ်အလိုမကျစွာမင်းဆက်ကို မေးလိုက်ပြီး ရှိန်း အိပ်နေသည့် ကုတင် ထပ်သို့ ငြိုးငယ်တဲ့ အကြည့်တွေနဲ့ ကြည့်လာကြသည်။
"ဖေငယ် လိုက်မှာ--! ဘယ်သူပြောလဲ ဖေငယ်မလိုက်ဘူးလို့--!"
"ဖေငယ်---!"
ကုတင်ပေါ်ကနေ ရှိန်းထထိုင်လိုက်ပြီး ကလေးတွေကို ပြောလိုက်မှ ကလေးတွေက ရှိန်း
ကုတင်ပေါ်သို့ ပြေးတက်လာကြပြီး ရှိန်းကို ထခိုင်းနေကြသည်။မင်းဆက်ကတော့ ရှိန်းနှင့် သားတွေကိုသာ ကြည့်ပြီး ပြုံးနေပြီးမှ မေးခွန်းတစ်ခုကလည်း သူ့ အတွေးထဲတွင် ကြီးစိုးနေသည် ။
ရှိန်း ဘယ်အချိန်ထဲက နိုးနေတာလဲ--?။
ရှိန်းကလေးတွေကို အရင် အနမ်းတစ်ပွင့်စီ ပေးလိုက်ပြီးမှ ကိုယ်လက်သန့်စင်ဖို့ ရေချိုးခနိးသို့ ဦးတည်လိုက်သည်နှင့်
"ပြွတ်--!"
"ခင်ဗျား--! ကလေးတွေရှေ့မှာလေ--!"
YOU ARE READING
"ပြတ်ရျ် မပြေခဲ့သော ကြိုး---"🌄(completed)
Randomဘယ်လောက်ပဲ ချစ်ချစ် ယုံကြည်မှု မရှိတော့ရင် အချစ်တွေက မှေးမှိုန်သွားတယ်။ မယုံကြည်ရင် အစထဲက မချစ်နဲ့၊ သံယောဇဉ်တွေ မထားနဲ့၊ ထပ်ပြောရရင် ဖြတ်လို့မရနိုင်တဲ့ ကြိုးတွေကိုလည်း မဖန်တီးခဲ့နဲ့ ။ ကြိုးမျှင်တန်း တစ်ခုကလည်း မပြတ်ချင်ရင် တင်းခံနေတယ် ဥပမာ အထုံး အရ...