Merry Chirstmas---❄️

770 50 1
                                    

ဒါလေးက ဒီပြတ်ရျ် မပြေသောကြိုးရဲ့ one shortလေးပါ။ ဒါလေး ဖတ်ပြီးရင် ကျွန်တော့်ကို ယုံကြည်ပါက ငယ်တို့ အကြွေပစ်သွားနိုင်ပါတယ်။ ရတာကို ကျွန်တော် donationထဲကို ထည့်မှာပါ။ XD
ယုံကြည်ရင် 09-974342684 ဒီ wave accကို လှူပေးပါ။ ငယ်လေးတို့တက်နိုင်တဲ့ ဘက်က လှူပေးကြပါ။ဘယ်လောက်မဆိုပါဘူး။ အခု ဆောင်းဆိုတော့ ဘာတွေလိုအပ်နေတာကို  ငယ်တို့ သိမှာပါနော်။ ကျေးဇူးတင်ပါတယ်။

---------------
တိမ်ဆိုင်တိမ်လိတ်တွေနှင့် အပြိုင် ဖြတ်သန်းမောင်းနှင်လာတဲ့ လေယာဉ်တစ်စီးဟာ တောင်တန်းမြေတစ်ခုတွင် သက်ဆင်းဖို့ ဦးတည်နေပြီး   ဆိုက်ရောက်ရမည့် နေရာ၌   ဆင်းသက်ဖို့ ပြင်နေသည်။

လေယာဉ်မောင် /မယ်လေးတွေ၏ နှုတ်ဆက်စကားကို သူ  အသိအမှတ်ပြုသလို ခေါင်းသာညိတ်ပြပြီးမှ  ရှေ့ဦးကနေ အလျှင်ထွက်ခွာလာခဲ့လိုက်တော့သည်။ ထွက်ခွာရာပေါက်မှာ စောင့်ကြိုနေကြမည့်  fan တွေကိုလည်း  သူမတွေ့ချင်။ သူစိတ်ရှုပ်နေသည်။

ထိုသူ့အနောက်ကနေ လိုက်ပါလာသည့် လူအုပ်ကြီးကလည်း အပေါ်အောက် အားကစားဝတ်ဆုံဖြစ်သည့်  နက်စွေးစွေးတွေကိုသာ ဝတ်ဆင်ထားကြပြီး မျက်နှာတွေဟာ မသာမယာဖြင့်။  fan Stan ကိုင်ထားကြသည့်   သူတွေမှာလည်း ထိုနည်းတူစွာဖြင့်  ။သူတို့ အဘယ်ကြောင့်  မျက်နှာမကောင်းကြသနည်း။

အသင့်စောင့်ကြိုနေသည့်  နက်စွေးစွေး နှစ်ထပ်ဘ(စ်)ကားကြီးပေါ်သို့ သူဦးဆုံး တက်ထိုင်လိုက်ပြီးမှ   တစ်ဖြေးဖြေးချင်း တက်လာကြတဲ့ အသင်းသားတွေ စုံအောင် ဘ(စ်)မောင်းသည့် လူကြီးနှင့် သူ စောင့်နေလိုက်သည်။

"သူဌေး clubကိုလား--?"

"club ကိုပဲ မောင်းလိုက် ဦးလေး--"

သူဌေးရဲ့ တုံ့ပြန်သံကြားတာနှင့်  ဘ(စ်)မောင်းသည့် လူ မှာလည်း ကားစီယာတိုင်ကို လှည့်ပါတ်တ်လိုက်ပြီး  နေရာတစ်ခုကိုသာ ဦးတည်လိုက်တော့သည်။

လေယာဉ်ဆင်းထဲက မကြည်တဲ့ စိတ်အစုံကြောင့်  သူclubရောက်ရောက်ချင်းမှာပဲ အသင်းသားတွေကို မော်ကွန်း နဲ့ အပ်ခဲ့ပြီး အပြင်ကို ထွက်လာခဲ့လိုက်သည်။  ဦးတည့် ရာကို ပါတ်မောင်းပြီး အချိန်တွေကို ကုန်စေခဲ့သည်။  ရှေဦးတည့်ရာတွေကို ဦးတည်ပြီးသည့်နောက်မှာတော့  အချိန်ဟာလည်း မစောတော့။ နောက်ကျတာလည်း မဟုတ်ပဲ ညဦးပိုင်း အချိန်ကို ပြနေခဲ့သည်မို့ သူ ကားကို  နောက်ပြန်လှည့်ရင်း  clubသို့သာ ပြန်လာခဲ့လိုက်တော့သည်။

"ပြတ်ရျ် မပြေခဲ့သော ကြိုး---"🌄(completed)Where stories live. Discover now