အပိုင်း [၁၀]
Start from the beginning
ဤသို့နှယ် ‌အရှေ့သို့တွန့်တွန့်သွားရင်း သူတို့ဘာသာ တွေးတောလျက် မြွေငယ်ကလေးတို့အုပ်စုသည် လွန်စွာကျေနပ်နေကြသည်။
ဟုတ်တယ်၊ အဲလိုပဲဖြစ်မယ်။ သေချာပေါက် အဲလိုပဲပေါ့။
သို့ပေသိ လက်‌တွေ့၌ ထိုကဲ့သို့ တကယ်ဖြစ်ပါမည်လော။
ရင်ရှောင်စီကား မျက်နှာထက်ဝယ် နားလည်ရန်ခက်သောအပြုံးတစ်ခုဖြင့် အခြားသောမြွေတို့၏အနောက်တွင် တွားသွားကာလိုက်နေသည်။ ဟုတ်ပေသည်၊ ဤမြေငယ်ကလေးများအားလုံးထဲတွင် ရင်ရှောင်စီတစ်ယောက်သာလျှင် ရင်ရှောင်ရှောင် အဘယ်ကြောင့်ချောင်းကိုရှာချင်သလဲကို သိ၏။
သို့ဖြစ်၍ ရင်ရှောင်စီသည် သူတို့မြွေပွေးမိသားစုကိုယ်စား အလွန်အမင်းစိုးရိမ်ပူပန်နေမိပြီပင်။ အားးးးးးး အနှီမြွေများ ပိုမိုရူးပေါကာ ပိုမိုထုံအ လာသော တိုးတက်မှုမျိုးကြောင့်ဖြစ်လေသည်။ ရင်ရှောင်စီ တွန့်တွန့်လိမ်လိမ်သွားခြင်းကိုရပ်ကာ ယင်းအစား ကောင်းကင်ကြီးကိုကြည့်ရန် ခေါင်းမော့လိုက်သည်။ အာ တစ်ကောင်တည်းသော ဉာဏ်ရည်ထက်တဲ့မြွေဖြစ်ရတာ အထီးကျန်လိုက်တာနော်။
နောက်ဆုံးမှရေလျှင် ဒုတိယမြောက်နေရာမှ လျှောတိုက်သွားလျက်ရှိသော ရင်ရှောင်ရီး လှည့်‌ပြုသော် သူ၏စတုတ္ထမြောက်ညီလေးသည် အရူးကြီးတစ်ကောင်နှယ် ကောင်းကင်ကို မလှုပ်မရှားဖြင့် ငေးကြည့်နေသည်ကို မြင်လိုက်ရသည်။ ရင်ရှောင်စီ ခေါင်းမရွေ့သေးကြောင်း သတိရပြီးသည့်နောက် ရင်ရှောင်ရီး သူ့ကိုအော်ခေါ်တော့သည်။
“ရှောင်စီ! မြန်မြန်! အမီလိုက်!”
ရင်ရှောင်စီသည် ရင်ရှောင်ရီး၏အသံကိုကြားပြီး လှုပ်ရှားမှုကို ပြန်စလိုက်သည်။ အကယ်၍ ရင်ရှောင်ရီးသည် ရင်ရှောင်စီခေါင်းများထိသွားပြီလားဟု တွေးတောနေပြီး ရင်ရှောင်စီတစ်ကောင် ထူးခြားသော သီးသန့်ဖြစ်တည်မှုကို စင်စစ်နှုတ်အရသာခံနေချိန်တွင် သူ့ကိုအရူးဟု ခေါ်လိုက်ကြောင်းသိခဲ့ပါလျှင် အကျိုးဆက်ကိုကား မသိနိုင်ပေ။
မကြာ ရင်ရှောင်ရှောင် ချောင်းကိုတွေ့လေသည်။
ရင်ရှောင်ရှောင် အားတက်ကာ လန်ရီးရီးကို အမြန်ကျော်ပြီး ချောင်းဆီ တန်းခနဲသွားတော့သည်။ ရွှင်ရွှင်ပျပျ မြူးမြူးပျော်ပျော် အော်ကာနေစဉ် သူ၏အမြီးသေးသေးလေးသည် လိမ်တွန့်နေ၏။
You've reached the end of published parts.
⏰ Last updated: Jan 25, 2022 ⏰
Add this story to your Library to get notified about new parts!