အကို့ကို ပြောပြချင်တယ်။
အဲ့တုန်းက ကျွန်တော်.. အကိုနဲ့ဖြူစင်မောင့်ကို အရမ်းသဝန်တိုခဲ့မိတဲ့အကြောင်း၊ ဖြူစင်မောင်က အကို့ကို သဘောကျနေတဲ့ကိစ္စမှာ အကိုကပါ ကြည်ကြည်ဖြူဖြူဖြစ်နေတာကို မခံချိမခံသာ ဖြစ်လွန်းလို့ ဖြူစင်မောင့်ကိုပါ လိုက်ကပ်ခဲ့မိတဲ့အကြောင်း၊ ကိုယ့်ဘာသာကိုတောင် သဝန်တိုနေမှန်းမသိပဲ ကျိတ်ပြီး ဒေါသတွေထွက်ခဲ့မိတဲ့အကြောင်းကိုပေါ့ဗျာ။
“ မင်း အဲ့လိုလုပ်လိုက်တဲ့အချိန် အကို ဝမ်းနည်းခဲ့ရတယ်.. အကို့ဘက်က ဘယ်လောက်ပဲ ရင်းနှီးချင်နေပါစေ.. မင်းကတော့ အကို့စိတ်ကို လက်မခံပေးဘူးဆိုပြီး စိတ်တွေလည်းဆိုးခဲ့ရတာ..”
သက်ပြင်းချရင်း အကို မှုတ်ထုတ်လိုက်တဲ့ လေနွေးနွေးက ကျွန်တော့်မျက်နှာကို လာရိုက်ခတ်တယ်။
“ မင်းကို ကျောင်းကထုတ်ပစ်လိုက်တဲ့အချိန်မှာပဲ.. အဖေနဲ့အမေလည်း ရန်တွေဖြစ်ကြတာ.. သူတို့ရန်ဖြစ်တိုင်း မင်းအကြောင်းက မပါမဖြစ်ဆိုတော့ အကိုလည်း စိတ်ဆိုးနေတဲ့အရှိန်နဲ့ မင်းက အဖေ့တိတ်တိတ်ပုန်းမိန်းမက မွေးထားတာပဲဖြစ်ရမယ်.. အဲ့ဒါကို ရအောင်ဖော်ထုတ်ပြီး မင်းနဲ့ ခပ်ကင်းကင်း နေတော့မယ်ဆိုတဲ့အတွေးနဲ့ အကို မင်းနေခဲ့တဲ့ ဘုရားကျောင်းကို သွားဖြစ်ခဲ့တယ် ကိုး..”
အရင်သော်တာနိုင်က St.Mary ဘုရားကျောင်းကို သွားခဲ့တာ ကျွန်တော် မသိခဲ့ဘူးရယ်။ ရုတ်တရတ် ကျွန်တော့်လက်ပေါ်မှာ စိုစွတ်လာတယ်။
အကို ငိုနေပြန်ပြီလား.. ဆိုတဲ့ အတွေးနဲ့ ကျွန်တော့်ရင်ထဲ ဒိန်းခနဲ။
အကို ဘာတွေများ သိခဲ့ရလို့လဲ။
“ မင်းနဲ့ ကိုစိုင်းလွင်..”
ကျွန်တော့်နားထဲ သံရည်ပူလောင်းချလိုက်သလိုပဲ။ ဒီအောက်တန်းစားနာမည်ကို အကို့ပါးစပ်က ထုတ်ပြောစရာ ဘာအကြောင်းရှိလို့လဲ။
“ အဲ့တုန်းက.. အဲ့ကိစ္စ..”
အကိုက ဆက်ပြောဖို့ အားယူနေရတဲ့ပုံနဲ့ ကျွန်တော့်လက်တွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လာတော့တယ်။
Extra 5 (U+Z)
Start from the beginning