အပိုင်း ၄၈

Start from the beginning
                                    

ဒေါင်းမာန်အိမ်ထဲဝင်လိုက်သည်နှင့် စွယ်​သော်လင်းသည် စူပုတ်နေသောမျက်နှာကို တစ်ဖက်သို့မျက်နှာမူထားလိုက်လေ၏။

" ကလေးငယ် ကိုယ်အချဥ်ပေါင်းဝယ်ခဲ့ပြီး "

" ကြာလိုက်တာ။ ကျွန်တော်ဘယ်လောက်စားချင်နေလဲဆိုတာ ခင်ဗျားသိရဲ့လား "

" သိတာပေါ့။ ကိုယ့်ကလေးငယ် ဘယ်လောက်စားချင်နေမှန်းကို အရမ်းအရမ်းသိပါ့ "

" ဒါဆိုဘာလို့ကြာနေတာလဲ "

" အချဥ်ပေါင်းသည်ကို ရှာမတွေ့လို့ပါ ကလေးငယ်ရယ် "

" ခင်ဗျားဟာလေ အချဥ်ပေါင်းစားချင်လို့ မှာ လိုက်ပါတယ်၊ အခုတော့ ကြည်အုန်း၊ ည ၈နာရီထိုးတော့မယ်။ အလုပ်လုပ်ရင် အချိန်အခါကြည့်လုပ်လေ၊ မြန်မြန်သွက်သွက်လုပ်ရမယ်ကို သိထားလေ "

ဆူပူနေသော ကလေးငယ်ကိုကြည့်ပြီး ဒေါင်းမာန်ကျေနပ်ပြုံးမိ၏။ XZ အုပ်စု၏အကြီးအကဲဆိုသူ 'ဒေါင်းမာန်'ဟူသည် ဝန်ထမ်းလက်အောက်ငယ် သားများစွာနှင့် စီးပွားဖက်တို့ ရှိန်ရသော၊ လေး စားရသော သူတစ်ယောက်ဖြစ်သော်လည်း အိမ်တွင်မှာမူ အိမ်ပေါ်တတ်နေလေသူလေး၏အဆူအငေါက်ကို ကျေနပ်စွာ ခံယူရလေ၏။

ရှေ့၌မြင်နေရသော မြင်ကွင်းတို့သည် ဦးမင်းထွဋ်ခေါင်အဖို့ ကျင့်သားရနေလေပြီးသော မြင်ကွင်းတစ်ခုထက် ပိုမနေတော့။ အပြစ်ပြောခံရသည်ကိုပင် ကျေနပ်နေသည့် သားဖြစ်သူအား ကြည့်၍ လည်း ဦးမင်းထွဋ်ခေါင် ခေါင်းတခါခါဖြစ်ရလေသည်။

(zawgyi)

" မင်းကလည်းတစ်ခါလာပြီး ပျောက်သွားလိုက်တာ၊ ဘယ်လို့လဲ သော်လင်း၊ ငါပေးလိုက်တဲ့ရေမွှေးရော သုံးကြည့်ပြီးပြီးလား "

" အင်း "

" အဆင်ပြေလား "

" အဟမ်း ဟမ်း ပြေတယ်။ ပြေလို့ပဲ မင်းတို့ဆီမရောက်ဖြစ်တာပေါ့။ ဒါနဲ့ လူထင် မင်းအမေရော  "

" တရားစခန်းသွားတယ်။ အလုပ်အားတုန်း အ ပြေးလေး "

"  တစ်ယောက်တည်းဆိုတော့ ပျင်းနေမှာပေါ့။ အပြင်ထွက်ရအောင် "

" ဘယ်လဲ။ အရက်ဆိုင်ဆို လိုက်မယ် "

" ဟားဟားဟား...မင်းကို ငြိမ်းချမ်းနဲ့တိုင်မယ် "

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now