အပိုင်း ၄၈

Start from the beginning
                                    

" ကိုယ့်မှာ ကောင်လေးရှိတာ မဝင့်ဧကရီထက်လည်းသိမယ် ထင်ပါတယ် "

ထိုအမျိုးသမီးနာမည်ကား ဝင့်ဧကရီထက်။ XZ အုပ်စု၏အမျိုးသမီးရှယ်ယာရှင်တစ်ဦး။

" သိတာပေါ့။ ဒါပေမယ့်လည်း ကောင်လေးတစ်ယောက်က ဘယ်လိုလုပ်ပြီး မျိုးဆက်အတွက်ကလေးမွေးပေးနိုင်မှာလဲ၊ ဟုတ်တယ်မလား "

" ဒီတော့ မဝင့်ဧကရီထက်ပြောချင်တာက... "

" နားလည်လွယ်အောင် တည့်တိုးပြောရရင်တော့ စီးပွားရေး၊ အသက်ရွယ်ချင်း လိုက်ဖက်ညီတဲ့ သူချင်းချင်းဆိုရင် ပိုမကောင်းပေဘူးလား "

...📱(ဖုန်းသံ)📱...

​" ခဏလောက်စကားရပ်ပေးပါ မဝင့်ဧကရီထက် "

ဖုန်းကိုကြည်လျက် စကားရပ်ပေးရန် ဆိုလာသူကြောင့် ပြောလက်စစကားတို့ကို ရပ်လိုက်ရ၏။ အရေးကြီးဖုန်းဖြစ်ဟန်တူ၍ စကားရပ်ပေးလိုက်ရသော်လည်း ကြားလိုက်သော နာမ်စားကြောင့် ကသိကအောင့်နိုင်လှပေသည်။

" Hello ကလေးငယ် "

" ........."

" အချဥ်ပေါင်းဆိုတာ..."

" ........."

" ကိုယ့်သိပြီး။ ရှာအောင် ရှာခဲ့မယ်၊ လိမ်လိမ်မာမာနေနော် ကလေးငယ် "

"..........."

" အင်းအင်း။ ချစ်တယ် ကလေးငယ် "

ရှေ့တွင်ပါးစပ်ကိုလက်နှင့်အသာအုပ်၍ ဖုန်းပြောနေသူ၏အသံမှာ ပုံမှန်ထက်များစွာပိုချိုသာနေ၍ ဝင့်ဧကရီထက် မနာလိုမိသည်။ အသက်ငယ်ငယ်ယောက်ျားလေးတစ်ယောက်ကို မယှဥ်နိုင်ဘူးဆို တာကိုလည်း လက်မခံချင်။

" မဝင့်ဧကရီထက် "

" ပြောပါ "

" အချဥ်ပေါင်း ဘယ်နားဝယ်ရလဲ သိလား။ ကိုယ့်ရဲ့အိမ်သားလေးက စားချင်နေလို့တဲ့ "

" မသိဘူး။ တစ်ခါမှလည်း မစားဖူးဘူး "

ဝင့်ဧကရီထက် ဒေါသထွက်ရ၏။ ပြောစကားတို့အား အလေးမထားသည့်အပြင် အချဥ်ပေါင်းဘယ်မှာဝယ်ရမလဲဟုပါ မေးလာသူ။ ငြင်းလိုက်သည်ကိုပင် ဘာစကားထပ်မဆိုဘဲ အချဥ်ပေါင်းအဝယ်ထွက်သွားသူကြောင့် ဝင့်ဧကရီထတစ်
ယောက်တည်းဒေါသထွက်ကာ လက်သီးကို ခဲ၊ခြေ​ကို ဆောင့်လျက်ဖြင့် ကျန်ခဲ့ရလေသည်။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now