လှေကားအဆင်းနားထောင့်ရှိအခန်းတစ်ခု၏လိုက်ကာစကို အသာလှပ်လိုက်သည့်သူမ

ထို့နောက်

“ဆွန်းလီရေ…မင်းဧည့်သည်လာတယ်”

နှလုံးသွေးကြောကျဉ်းရောဂါနှင့်ပတ်သက်၍ ဆေးစာအုပ်များကိုလှန်လောပြီးတစ်ယောက်တည်းအလုပ်ရှုပ်နေတုန်း ခေါင်းထောင်ပြီးမော့ကြည့်မိလိုက်စဉ် အထုပ်တွေအများကြီးနဲ့ရပ်နေတဲ့အကိုထယ်ယောင်း

“ဟယ်…အကိုထယ်ယောင်းပါလား ဝင်လာခဲ့လေအကို”

သာမာန်ရိုးရိုးရှင်းရှင်းဝတ်စားဆင်ယင်ပုံမျိုးနဲ့တောင်မှသန့်ပြန့်ပြီးချောမောနေတဲ့ဆရာထယ်ယောင်း
အဖြူရောင်ပေါ်မှာ အပြာရောင်အစင်းကြောင်းသေးသေးလေးတွေဖြင့် ရှပ်အင်္ကျီလက်ရှည်အားစတိုင်ပန့်ဘောင်းဘီအညိုထဲထည့်ဝတ်ထားသည့်ပုံစံက‌ နှစ်ခါပြန်လှည့်ကြည့်စေဖို့လုံလောက်တဲ့အနေအထားမျိုး

အမြဲတမ်းဆံပင်ကိုသပ်သပ်ရပ်ရပ်ဖြင့်လူကြီးလူကောင်းဆန်ဆန်ဖီးလိမ်းထားတတ်တဲ့အကို

အခုလိုအစစအရာရာပြည့်စုံတဲ့သူမျိုးကိုရမယ့်လူဟာ တော်ရုံကံကောင်းမှုမျိုးမှမဟုတ်တာ အာ့ဒီလူကို သူမကိုယ်တိုင်လို့တစ်ထစ်ကျလဲမယုံကြည်ထားဘူး ကံတရားကထင်သလောက်မရိုးရှင်းနိုင်တာကြောင့်ပဲ

“မေမေက ဆွန်းလီအတွက်အရန်ဟင်းတွေထည့်ပေးလိုက်တာ အာ့တာနဲ့အစ်ကိုမဆက်သွယ်ပဲလာလိုက်မိတယ်”

“ဟုတ်လား အားနာစရာကြီး နောက်ဆိုအန်တီ့ကိုမထည့်ခိုင်းပါနဲ့ တကူးတကကြီးရယ်”

“အစ်ကို့ဆီလဲအာ့လိုပဲပို့နေ‌ကြ ပြောလဲမရဘူး မေမေကသူလုပ်ချင်ပြီဆိုဇွတ်လုပ်တာ”

“မိခင်မေတ္တာတွေပေါ့ အကိုထယ်ယောင်းရယ်
ညီမကတော့ အကို့ကိုသိပ်အားကျတယ်”

“ဘာကိုများလဲ…”

“မိခင်မေတ္တာဆိုတာ စမ်းရေပမာအေးချမ်းတယ်ဆိုပြီးခိုင်းနှိုင်းမှုတွေရှိခဲ့တယ် ဒါပေမယ့်လေ ညီမကတော့မခံစားဖူးလို့မသိဘူးအကိုရဲ့

ဒယ်ဒီရဲ့မေတ္တာတွေနဲ့ လိုလေသေးမရှိကြီးပြင်းခဲ့ပေမယ့် တစ်ခါတလေ အမေတစ်ယောက်ရဲ့ဂရုစိုက်မှုမျိုးကဘယ်လိုများလဲဆိုပြီး ညီမသိပ်သိချင်ခဲ့တယ် မူကြိုတတ်ကတည်းက အဒေါ်ပြင်ပေးခဲ့တဲ့စေတနာထမင်းဘူးကိုပဲစားခဲ့ဖူးတာ….အမေရဲ့မေတ္တာတွေနဲ့ထုပ်ပိုးပေးထားတဲ့ ထမင်းဘူးဆိုတာမျိုးစားခွင့်မရခဲ့ဘူး”

THE FIRST TIME WE MET🌊 [COMPLETED]Where stories live. Discover now