“ကျွန်တော်ရှိနေတာပဲ အကို့ကို ထိန်းပေးမှာပေါ့လို့”

‘ဂျွန့်ကိုပဲ ယုံလိုက်ပါမ့ယ်’

“ဟုတ်ပါပြီ အကိုရယ်”

သူ့ဘက်က သေချာထိန်းပေးမယ်ပြောတာတောင် မယုံတဲ့ အကိုကြောင့် ရယ်ချင်မိပေမယ့်လည်း မရယ်ရဲ။အကိုက သူ့ကိုစိတ်ရှည်ရှည်နဲ့ မသင်ပေးရင် ဂျွန့် မြင်းကို တောထဲကို ရိုက်လွှတ်မယ်ဆိုပြီး ခြိမ်းခြောက်ထားသည်လေ။မြင်းက လွတ်သွားလည်း အချိန်တန်ပြန်လာမှာမှန်ပေမဲ့ အကို စိတ်ချမ်းသာဖို့က အရေးကြီးသည်။

‘ဂျွန် အကို တက်တော့မှာနော် သေချာထိန်းပေး’

“ဒီလိုလုပ်မလား ကျွန်တော် အကို့နောက်က လိုက်ထိန်းပေးမယ်လေ ပြီးမှ အကိုတစ်ယောက်တည်း မြင်းစီးကျင့်ကြည့်”

‘အဲ့တာလည်း ကောင်းတယ်။ဂျွန်’

‘အကိုအရင်တက်။ကျွန်တော်ထိန်းပေးထားမယ်’

မြင်းစီးသာသင်ချင်တာ မြင်းပေါ်တက်တာတောင် မရဲတဲ့ အကိုပင်။မြင်းပေါ်ရောက်သွားတော့လည်း ရင်ဘတ်ကိုတစ်ထုထုနဲ့မို့ ဂျောင်ကုလည်း အနောက်ကနေအမြန်လိုက်တက်ပြီး ထိန်းပေးတော့မှ မြင်းဇာတ်ကြိုးကို ရဲရဲကိုင်သည်၊

“အကို အဆင်ပြေတယ်မလား။အဓိကက မြင်းဇာတ်ကြိုးကိုနိုင်အောင်ထိန်းဖို့ပဲ။ကျွန်တော်ပြမယ်”

‘ဒါက ဂျွန့်မြင်းဆိုတော့ အကိုက တခြားမြင်းရိုင်းနဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ’

“အကိုရယ်...ကျွန်တော်ကိုယ်တိုင် မြင်းကောင်းမြင်းသန့်ရှာဝယ်ပေးမှာပေါ့”

‘ဒီလို အဖြေကို စောင့်နေတာ။’

“အော်ဟော် တကယ်လည်နေတာပဲ အကိုက”

‘သေချာထိန်းပေးနော်’

“ဟုတ်ကဲ့ပါ”

မနက်အစောကြီးထဲက သင်ပေးနေတာက နေတောင်မဝင်သေး၊မြင်းကလည်း ယဉ်သွားတဲ့အပြင် အကိုက အတတ်မြန်တာကြောင့်
ကောင်းကောင်းစီးနိုင်နေပြီမို့
ထိန်းပေးဖို့ မလိုတော့လို့ ဂျောင်ကု အကို့ကို အဝေးကနေသာ ကြည့်နေမိသည်။

More Than ForeverWhere stories live. Discover now