"ဒါလင် မအိပ်သေးဘူးလား"

နေယံလေး အိပ်ပျော်ဖို့ လုံးပန်းနေခဲ့ရတာမို့ နေမင်းကြီးကို ဝေယံ တစ်ချိန်လုံး မေ့နေခဲ့မိသည်။ သတိထားမိတော့ နေသူရိန်မင်းခန့်က ဆိုဖာမှာ ထိုင်ပြီး ညိုမှောင်သော မျက်နှာထားဖြင့် တိတ်ဆိတ်နေခဲ့တာ အကြာကြီး ဖြစ်သည်။ နှုတ်ခမ်းကိုပါ မကျေမနပ် စူထားသေး၏။

"ယံ့ကို စောင့်နေတာလေ"
    
ဝေယံ သနားသွားသည်။

"အရင် အိပ်နှင့်တာ မဟုတ်ဘူး၊ ဘာလုပ်ဖို့ စောင့်နေတာလဲ၊ အိပ်ရေးပျက်အောင်လို့၊ လာ . . ၊ အခု လာအိပ်တော့ . ."

ဝေယံ ခေါ်တော့ မျက်နှာထားကို တစ်မျိုး ပြောင်းပြီး လျင်မြန်သော အရှိန်ဖြင့် ခုတင်ပေါ် တက်လာသည်။ ပြောင်းလိုက်သည့် မျက်နှာထားက နည်းနည်းတော့ သံသယ ဝင်စရာ။ အသံလုံလုံဖြင့် သားကောင်ကို အကောင်လိုက် မျိုချင်နေသည့် စပါးကြီး မြွေ တစ်ကောင်၏ မာယာ လှည့်ကွက်မျိုး ဖြစ်သည်။
    
တကယ်လည်း မှန်၏။
    
ဝေယံ တွေးနေသည့် အတွေးပင် မဆုံးလိုက်။ နေမင်းကြီးက အနီးဆုံး အနီးဆုံးအထိ တိုးကပ်လာသည်။ နွေးပူသော ဝင်သက်ထွက်သက်များ နဖူးစွန်းကို ရိုက်ခတ်နိုင်သည်အထိ ဖြစ်သည်။ ဝေယံ နီရဲသည့် မျက်နှာဖြင့် လန့်ဖျပ်ကာ နောက်သို့ ကိုယ်ကို အနည်းငယ် ရွှေ့လိုက်မိသည်။ သို့သော် နေသူရိန်မင်းခန့်က အလွတ်မပေး။ လက်မောင်းမှ ကိုင်ပြီး လူချင်း နီးကပ်အောင် ဆွဲယူလိုက်သည်။
    
အားဖြင့် ဆွဲယူလိုက်တာမို့ နေသူရိန်မင်းခန့် ပေါင် နှစ်ဖက်ပေါ် ဝေယံ ထိုင်မိသွားသည်။ တကယ်က ခွမိသွားခြင်း ဖြစ်သည်။ ထို့နောက် ဆင်းမပြေးနိုင်အောင် တင်ပါး တစ်ဖက်ကို အားဖြင့် ဖျစ်ညှစ် ဆုပ်ခြေထားပြီး ညာဘက် လက်က ခါးသွယ်သွယ်ကို လက်မောင်းဖြင့် ချိတ်တွယ်၍ အတင်း ဆွဲဖက်ထားသည်။ နေသူရိန်မင်းခန့် အားအင်က ထင်ထားတာထက် ပို၍ ကြီးမားနေခဲ့သည်။ ဝေယံ လှုပ်လို့ပင် မရတော့။

"ရိန် . ."

ညဝတ်အင်္ကျီ မိုးပြာကို ကြယ်သီး တစ်လုံး ဖြုတ်၍ ဝတ်ထားတာမို့ လည်ပင်း အောက် ရင်ဘတ် အပေါ်ပိုင်းက အနည်းငယ် လွတ်နေသည်။ ထိုဟနေသည့် နေရာလွတ်ကို မျက်နှာ အပ်လျက် ရင်ညွှန့်ရိုးများကို နှုတ်ခမ်းနွေးနွေးဖြင့် ဖိကိုက် စုပ်နမ်းလိုက်သည့် နေမင်းကြီးကြောင့် ဝေယံ ကြက်သီး ဖြန်းခနဲ ထသွားရသည်။

SUN { Season 1 }Where stories live. Discover now