အပိုင်း ၄၅

Start from the beginning
                                    

" Hello အင်း "

" ........."

" သိပြီး။ အသင့်ပြင်ဆင်ထားလိုက် "

"........"

ဖုန်းစကားပြောလျက် ရင်ခွင်ထဲမှကလေးငယ်ကိုလည်း လက်တစ်ဖက်ဖြင့် အသာပုတ်သိပ်ပေးနေလိုက်သည်။ ရင်ဘတ်ပေါ်မေးတင်လျက် တိုးဖက်အိပ်နေဆဲကလေးငယ်ထံ ကြည့်လျက် တံတွေးမျိုချမိနေသည်မှာ အခါခါ။

စိတ်ထဲတွင် စားသောက်ချင်စိတ်များ တဖွားဖွားပေါ်လာလေပြန်သည်။ ထို့ကြောင့် ဖုန်းမှ တစ် ဖက်သူစကားတို့ကို နားထောင်နေလျက်ဖြင့် ရင်ခွင်ထဲပွေ့ထားသော ကလေးငယ်အားကြည့်လျက် လျှာတသပ်သပ်လည်း ဖြစ်ရလေသည်။

တစ်ဖက်လူပြောစကားတို့အား အာရုံသိပ်မထားနိုင်တော့။ ဖုန်းကိုပိတ်လိုက်ပြီးနောက် ကလေးငယ်ကိုအသာပွေ့ပြီး ပေါင်ပေါ်တင်ထားလိုက်သည်။

စွယ်သော်လင်းသည် မူလဒေါင်းမာန်ရင်ခွင်ထက်ခေါင်းတင်အိပ်နေသော်လည်း ယခုမှာမူ ဒေါင်းမာန်ပေါင်ပေါ်တွင် ရောက်ရှိသွားပေသည်။

ပေါင်ပေါ်ပွေ့တင်ထားသော ကလေးငယ်မျက်နှာနားအသာငုံလျက် နှုတ်ခမ်းချိုချိုလေးအား ဆွဲစုပ်နမ်းရှိုက်လိုက်လျှင်

" အင်း..."

ကလေးငယ်ထံမှ အသံတိုးတိုးလေးထွက်လာ၏။

" နိုးပြီးလား "

" အင်း။ နှုတ်ခမ်းနာနေတယ် လူကြီး "

ကလေးငယ်အပြောစကားကြောင့် နှုတ်ခမ်းလေးထံသေချာကြည့်လိုက်လျှင် ထူအန်အန်နှင့် ပုံမှန်ထက် ပိုပြည့်တင်းနေလေသည်ကို တွေ့လိုက်ရပေသည်။

" ကိုယ့်ကလေးငယ်ကို နာအောင် ထပ်မလုပ်တော့ပါဘူး။ အော်...ဒါနဲ့ ကလေးငယ်ရဲ့ရေမွှေးပုလင်းကွဲသွားတယ် "

" ဘယ်ရေမွှေးပုလင်းလဲ "

" စားပွဲပေါ်ကလေ၊ ရေမွှေးအသစ်ထင်တယ် "

" ဘယ်လို့ ! ! ! "

စွယ်သော်လင်း ကုတင်အောက်ဆီအမြန်ငုံ့ကြည်လိုက်ပြီးချိန်မှစ ရင်တထိတ်ထိတ် ​ဖြစ်လာ၏။

" ငါး ငါးစက်တောင် တစ်ည တစ်ညနီးပါးဆိုတော့၊ အခုက ပုလင်းတစ်ဝက်ကျော် ကျော် "

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now