"အေး မပြောချင်ပေမယ့်‌လဲပြောသွားဦးမယ် ရှောင်းကျန့်မင်းမှာလဲရှိနေတာမဟုတ်ဘူး ကိုယ့်ကိုယ်တိုင်ထမင်းဘယ်လိုစားနေရလဲကြည့်ဦး အဲဒါကို ဟိုလူ့ကိုကူညီ ဒီလူ့ကိုကူညီနဲ့ အဲကြားထဲ မင်းလမ်းထိပ်ကခွေးတွေကြောင်တွေကိုအစာကကျွေးနေသေးတယ် မင်းကိုယ်မင်းဘာမှဖြစ်မလာသေးပဲ သူများကိုအဲလိုတွေလုပ်နေတာ မင်းဘဝတိုးတက်ဖို့မရှိဘူးကွ"

"ဟုတ်ကဲ့ နားလည်ပါတယ်အဒေါ် ပြောပြပေးတာကျေးဇူးတင်ပါတယ်"

အိမ်ပိုင်ရှင်မိန်းမကြီးလဲ ပြောလဲကျေးဇူးတင်တယ်သာပြောပြီး နားမထောင်မှာသိနေတာမို့ အထွေအထူးမပြောတော့ပဲ ဒီလတော့ဖြစ်အောင်ပေးပါသာပြောပြီးပြန်သွားသည်။

ရှောင်းကျန့်ထိုအဒေါ်ကြီးပြန်သွားတာနဲ့ သက်ပြင်းချလိုက်ပြီး အေးဆက်နေပြီဖြစ်တဲ့ဘဲဥကြော်နဲ့ထမင်းဆီဆမ်းကို ပြန်စားပြီး ကိုယ့်ဘဝအကြောင်းသာတွေးနေလိုက်သည်။

ရှောင်းကျန့်ရဲ့အသက်၅နှစ်မှာ သူ့အဖေက သူနဲ့သူ့အမေကုိထားခဲ့သည်။ သူ့အမေကလဲ တစ်ယောက်ထဲကလေးနဲ့မရုန်းကန်နိုင်တာမို့ ရှောင်းကျန့်ကိုမိဘ‌မဲ့ဂေဟာကိုပို့ခဲ့တယ်။ ရှောင်းကျန့်ကဂေဟာမှာပဲ‌ကြီးပျင်းခဲ့ရသည်။ သူလဲအရွယ်နည်းနည်းရလာတော့ ဂေဟာမှာမနေချင်တော့၊ ဂေဟာကသူနဲ့ရွယ်တူ‌ေတွက သူ့ကိုအနိုင်ကျင့်ကြတယ်။ သူမနေချင်တော့တာအဲဒါကြောင့်လဲပါတာပေါ့။ ထို့ကြောင့်ရှောင်းကျန့်က အသက်၁၅အရွယ်မှာ ဂေဟာကနေထွက်လာလိုက်သည်။ ရရာအချိန်ပိုင်းအလုပ်လေးတွေလုပ်ပြီး ကျောင်းပြီးအောင်တက်ခဲ့ရသည်။ ဘွဲ့ရပြီးသွားတော့လဲ အလုပ်ရဖို့ခက်ခဲတာကြောင့် လစာနည်းလဲ ရရာအလုပ်ကိုလုပ်ခဲ့ရတယ်။ လစာကနည်းတာမို့ အိမ်ကိုလဲကျဉ်းကျဉ်းလေးသာငှားခဲ့ရပြီး ဖြစ်သလိုနေကာ ပိုက်ဆံကိုခြွေတာသုံးရသည်။ စုနေပေမယ့်လဲ သူ့အတွက်အဖက်မတင်၊ ရှောင်းကျန့်ကစေတနာကောင်းပြီး ကူညီတတ်လွန်းတာကြောင့် သူစုသမျှကသူ့ရဲ့လူမှုရေးအကူအညီပေးနေတာနဲ့ကုန်ကုန်သွားရသည်။ တစ်လနေနိုင်ဖို့ အသိ‌တွေဆီကနည်းနည်းပါးပါးအကြွေးတွေယူထားတာမို့ သူလစာရလာတာက အကြွေးဆပ်ရတာနဲ့တင်ပျောက်ပျောက်သွားသည်။

𝙈𝙖𝙮𝙤𝙧'𝙨 𝙒𝙞𝙛𝙚 / မင်းကတော်Where stories live. Discover now