The Truth Is Really Bitter

1.3K 233 49
                                    

- UNICODE -


" ဂျိတ်ခ်  ? "

" ဖယ်ပေးဦး။ ပျင်းလို့ အလည်လာတာ။ "

မနက်အစောကြီး ဂျပန်ကို ရောက်လာတာ ပျင်းလို့အလည်လာတာတဲ့။ တံခါးဝမှာ ရပ်နေတဲ့ သူ့ကို တွန်းဖယ်ပြီး အခန်းထဲကို စိတ်တိုင်းကျ ဝင်သွားတဲ့ ဂျိတ်ခ်။ မျက်နှာကလည်း တစက်မှ မကောင်းပါ။

" ဘာပြဿနာရှိလို့လဲ ဂျိတ်ခ် ? "

" ဒီအတိုင်း ပျင်းလို့ "

အစောကြီး ရောက်လာပြီး လေယာဉ်ပေါ်မှာလည်း ကောင်းကောင်းအိပ်မပျော်ခဲ့ဘူးထင်၏။ သူ့မွေ့ရာပေါ်ကို ပစ်လှဲလိုက်တဲ့ ဂျိတ်ခ်က သက်တောင့်သက်သာ ရှိနေသည့်ပုံ။

" အိပ်ချင်အိပ်လေ "

ပျင်းလို့အလည်လာတာဆိုတဲ့သူ ဘာဖြစ်လာသလဲဆိုတာကို သူ မမေးချင်တော့ပါ။ သူနဲ့အတူရှိနေတဲ့အချိန်အတိုင်း ဂျိတ်ခ် ဘာမှမဖြစ်ဖို့သာ အဓိကပင်။ ဂျိတ်ခ်ကို စိတ်ပင်ပန်းစေတာမျိုး လုံးဝမဖြစ်စေချင်ပါ။

" သစ္စာဖောက်ခံခဲ့ရတာလား။ မေ့ပျောက်ခံလိုက်ရတာလား။ "

အချိန်တစ်ခုအထိ ငြိမ်သက်စွာ လှဲနေတဲ့သူက စကားစ,လာသည်။ ထင်တဲ့အတိုင်း တစ်ခုခုဖြစ်လာခဲ့တာပဲ။ လှမ်းကြည့်လိုက်တော့ မျက်ရည်တွေ ရစ်သီနေတဲ့ မျက်လုံးလှလှတစ်စုံ။

" ဂျောင်ဝန်းက ငါ့ကို မချစ်တော့ဘူးထင်တယ် ဆောင်းဟွန်း။ ဟုတ်ပါတယ်။ သူ ငါ့ကို မချစ်တော့ဘူး။ "

" ဂျိတ်ခ် "

" အဲ့တာ ပတ်ခ်ဂျုံဆောင်းကြောင့် ! ပတ်ခ်ဂျုံဆောင်းရဲ့မာယာတွေကြောင့် သူ ငါ့ကိုထားသွားတာ။ အဓိက တရားခံက ဘယ်သူလဲသိလား။ မင်း ! "

အစောကလေးတင် ညိုးနွမ်းနေတဲ့ မျက်ဝန်းတွေက အခုကျတော့ ခက်ထန်သွားပြန်ပြီ။ ကုတင်ပေါ်မှ ချက်ချင်း ကောက်ထလာပြီး အမုန်းတရားတွေနဲ့ပြည့်နှက်နေတဲ့ အကြည့်တွေနဲ့ မိတ်ဆက်ပေးနေသည်။ အပြောင်းအလဲကလည်း သိပ်မြန်တာပဲ ဂျိတ်ခ်ရယ်။

" ဂျိတ်ခ် "

" မင်းသာ ငါနဲ့ဂျောင်ဝန်းကို ခွဲဖို့ ပတ်ခ်ဂျုံဆောင်းကို မပြောခဲ့ဘူးဆိုရင်၊ မခိုင်းခဲ့ဘူးဆိုရင် အဲ့ေ-ာက်ရူးက အခုလို လုပ်မှာမဟုတ်ဘူး ! ငါတို့ကြား ဝင်ရှုပ်မှာမဟုတ်ဘူး။ ပြဿ     နာတွေရဲ့ အစက မင်းပဲ ! အဓိက တရားခံက မင်း။ မင်းက သိပ်ကြောက်ဖို့ကောင်းတယ် ယန်းဆောင်းဟွန်း ! "

𝖬𝖾𝗌𝗌𝗒 𝖢𝗁𝖺𝗉𝗍𝖾𝗋𝗌;𝖯𝖺𝖼𝗄𝖾𝖽 𝖶𝗂𝗍𝗁 𝖫𝗈𝗏𝖾𝗌 @𝗝𝗮𝘆𝘄𝗼𝗻Where stories live. Discover now