Finally, Can I Go Back ?

1.2K 236 39
                                    

- UNICODE -


" သူက ဘာဖြစ်ချင်နေတာလဲ။ "

" ဘာပြောလိုက်တာလဲ ? "

မျက်စိရှေ့က မုန့်တွေကို ကြည့်ကာ တစ်ကိုယ်တည်း ကြားရုံမျှသာ ရေရွတ်လိုက်တာကြာင့် နားစွန်နားဖျား ကြားလိုက်တဲ့ ယွန်းဟွာက မေးတော့ ကာယကံရှင်က ခေါင်းခါပြပြီး သူ့အရှေ့က မုန့်တွေကိုသာ မျက်စပစ်ပြသည်။

" ဘာမှမဟုတ်ဘူး။ စားမှာရှိတာစား။ "

ဂျုံဆောင်း ပေးလိုက်တဲ့ မုန့်တွေနဲ့အအေးကို အပီကြိတ်နေသည့် ယွန်းဟွာကို ဆောနူ မျက်မှောင်ကြုံ့ပြီးသာ ကြည့်နေမိသည်။ အလိုက်ကန်းဆိုးလည်း နားမလည်။

" ဆောနူ ပြောစရာရှိလို့။ "

အလိုက်သိသည့် ဆောနူက ထိုင်နေရာမှ ချက်ချင်း မတ်တပ်ရပ်ကာ တစ်နေရာသို့ သွားဟန်ပြင်သည်။ ဂျောင်ဝန်းလည်း သူ့အနောက်မှ လိုက်တော့ ယွန်းဟွာက ပလုတ်ပလောင်းဖြင့် လှမ်းအော်၏။

" ငါ့လည်းစောင့်ကြဦးလေ ! "

" နေခဲ့ ! "

ဆောနူ၏စကားကြောင့် သူ(မ)မှာ မျက်နှာရှုံ့မဲ့ကာဖြင့် ကျန်ခဲ့တော့သည်။

~°~

ပြောလိုက်ရင် ကောင်းမလား ? ပြောလိုက်ရမလား ?

" ဂျောင်ဝန်း ! "

" ပြောလိုက်ရမလား ? "

" ဟမ် ?! "

လွှတ်ခနဲ ထွက်သွားတာကြောင့် ဆောနူက နားမလည်သည့်ပုံစံဖြင့် ကြည့်လာတော့ ခေါင်းသာ ကုတ်နေမိတော့သည်။ သူက သူတို့သိတဲ့ ယန်းဂျောင်ဝန်း မဟုတ်ကြောင်း ပြောလိုက်သင့်လား။ ပြောလိုက်ရင်ရော ဆောနူက ယုံပေးမယ်တဲ့လား။ အမှန်တိုင်းပြောရရင် သည်စာအုပ်ထဲမှာ သူ ယုံကြည်ရတဲ့သူဆိုလို့ ဆောနူတစ်ယောက်သာရှိသည်။ ကျန်တဲ့သုံးယောက်က သူ့အတွက် ချိန်ကိုက်ဗုံးတစ်လုံးလိုပဲ။ ဘယ်အချိန် ပေါက်ကွဲမှန်းမသိတဲ့ ချိန်ကိုက်ဗုံးသုံးလုံးမျှသာ။

𝖬𝖾𝗌𝗌𝗒 𝖢𝗁𝖺𝗉𝗍𝖾𝗋𝗌;𝖯𝖺𝖼𝗄𝖾𝖽 𝖶𝗂𝗍𝗁 𝖫𝗈𝗏𝖾𝗌 @𝗝𝗮𝘆𝘄𝗼𝗻Where stories live. Discover now