Kiss Is Just A Kiss

1.3K 242 30
                                    

- UNICODE -


" ကိုယ် မင်းကိုချစ်တယ် ဆောင်းဟွန်း။ ကိုယ့်အချစ်ကို လက်ခံပေးနိုင်မလား။ "

မြတ်နိုးရသော နှုတ်ခမ်းပါးဆီမှ ကောင်းမွန်သော အဖြေကို စောင့်မျှော်နေသည့် ဂျုံဆောင်း။ ဆောင်းဟွန်းဆီမှ တိကျသော အဖြေတစ်ခု ထွက်လာတာနဲ့ သူ့မျက်နှာထက်က စိတ်လှုပ်ရှားမှုတို့က တိခနဲဆိုသလို ရပ်တန့်သွားရသည်။

ဆောင်းဟွန်းက တွေဝေခြင်း မရှိလေဘဲ သူလိုလူအား ချက်ချင်းလက်ငင်း ငြင်းပယ်လေ၏။ ဂျုံဆောင်း၏ဘဝမှာ ပထမဆုံးသော ငြင်းပယ်ခံရခြင်း။ ငြင်းပယ်လိုက်သူကလည်း ဘဝမှာ ပထမဆုံးနဲ့နောက်ဆုံး မြတ်နိုးမိသောသူ။

" တောင်းပန်ပါတယ် ဂျုံဆောင်း။ ငါ မင်းကို မချစ်ဘူး။ "

" ဂျိတ်ခ်ကြောင့်လား ? "

ခံစားချက် ထွေထွေထူးထူး မရှိသည့် ဆောင်းဟွန်း၏မျက်နှာ၌ နာမည်တစ်ခုကြောင့် ချက်ချင်းဆိုသလို အမူအရာတချို့ ဖြတ်ပြေးသွားတာကို မြင်တော့ တစ်ဖက်လူဆီက ရယ်သံ ခပ်လွင့်လွင့် ထွက်လာသည်။

" ဂျိတ်ခ်ကို အခုချိန်ထိ သဘောကျနေတာပဲ။ "

ဒေါသထွက်နေတယ်လို့လည်း ဆိုလို့မရသလို ဒေါသ ဖြစ်မနေဘူးဟူ၍လည်း ပြောလို့မရနိုင်။ ပတ်ခ်ဂျုံဆောင်းဆိုတာ ထိုကဲ့သို့သော လူမျိုးပင်။ မျက်နှာအမူအရာကို ကြည့်ရုံနဲ့ သူဘာတွေ တွေးနေသလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါ။

" သဘောကျတာ မဟုတ်ဘူး။ ချစ်တာ။ ငါ ဂျိတ်ခ်ကို ချစ်တယ်။ ပထမဆုံးဖြစ်တည်လာတဲ့ အချစ်မို့ မင်းကို လက်မခံပေးနိုင်တဲ့အတွက် တောင်းပန်ပါတယ်။ ဂျုံဆောင်း မင်းက တကယ်ပြည့်စုံတဲ့သူတစ်ယောက်ပါ။ ဂျိတ်ခ်ကြောင့် သိရတယ်ဆိုပေမဲ့ ငါ့အတွက် သူငယ်ချင်းကောင်းတစ်ယောက်ပါ။ "

မချစ်ဘူးလို့ ပြတ်ပြတ်သားသား ငြင်းဆိုတဲ့အပြင် သူငယ်ချင်းဆိုတဲ့ စည်းမျဉ်းအောက်မှာ ထပ်ပြီး လှောင်ပိတ်ဖို့ ကြိုးစားပြန်ပြီ။ သည်စကားကို ပြောဖို့ သူဘယ်လောက်ထိ သတ္တိမွေးခဲ့ရသလဲ။ မြတ်နိုးလွန်းလို့ ဂျိတ်ခ်ကို ချစ်နေမှန်းသိရဲ့နဲ့တောင် မျက်စိစုံမှိတ်ပြီး ဖွင့်ပြောခဲ့တာ။ အနည်းဆုံးတော့ သူငယ်ချင်းဆိုတာထက် တစ်ရာခိုင်နှုန်းလောက်များ ပိုနေမလားဆိုပြီးတော့လေ။ ဒါပေမဲ့ ဟိုငတုံးကိုပဲ ပြတ်ပြတ်သားသား ရွေးချယ်သွားပြန်တာပဲ။

𝖬𝖾𝗌𝗌𝗒 𝖢𝗁𝖺𝗉𝗍𝖾𝗋𝗌;𝖯𝖺𝖼𝗄𝖾𝖽 𝖶𝗂𝗍𝗁 𝖫𝗈𝗏𝖾𝗌 @𝗝𝗮𝘆𝘄𝗼𝗻Where stories live. Discover now