Part7(Final)

1K 49 10
                                    

For Unicode

မမအိမ်ကိုသွားရင်း တွေ့လိုက်ရတဲ့ မမနဲ့စေ့စပ်ထားတယ်ဆိုတဲ့လူ။ငိုချင်စိတ်ကိုတင်းခံကာ အိမ်ကိုအရောက်ပြန်ခဲ့ရသည်။

ထိုညကမမရဲ့စကားတွေက ရှားရဲ့ရင်ကိုအစိမ်းလိုက်ခွဲခဲ့သည်။

မမဘက်ကဆက်သွယ်မလာသေးတာမလို့
ရှားကပဲဖုန်းဆက်လိုက်သည်။တင်းကြပ်နေတဲ့စိတ်ကြောင့် သက်ပြင်းချနေမိသည်မှာလည်း အခါခါပင်။

"မမ"

"ဟင် ရှား...ပြောလေ"

"မမ ဟိုအစ်ကိုကြီးနဲ့လက်ထပ်မှာလားဟင်"

သိချင်စိတ်ကြောင့် စိတ်မထိန်းနိုင်စွာ မေးလိုက်မိတော့ အပွင့်လင်းဆုံးဖြေလာတဲ့မမက ရှားအပေါ်ခံစားချက်ရှိမနေတာသိသာသည်။

"ဘယ်အစ်ကိုကြီး...ဪ သူနဲ့က လူကြီးတွေသဘောတူထားတာလေ...အိမ်ကလက်ထပ်ခိုင်းရင်တော့.."

"မရဘူး!!...လက်မထပ်ရဘူး...သဘောမတူနိုင်ဘူး"

ကိုယ့်မှာတားဆီးပိုင်ခွင့်မရှိမှန်းသိပေမဲ့ ရှိနေတဲ့ သံယောဇဉ်လေးကို ဗန်းပြကာ တားဆီးနိုင်ဖို့ကြိုးစားမိသည်။မမကိုစိတ်အနှောက်အယှက်ဖြစ်စေဖို့တော့ မရည်ရွယ်ခဲ့ပါ။

"စိတ်လျှော့ပါ...စိတ်လျှော့ပါ ကလေးရယ်...ကလေး ဘာဖြစ်နေတာလဲ...ဘာဖြစ်ချင်တာလဲ မမကိုပြောပြလေ...နော်"

"မမ...ရှား မမရဲ့ ချစ်သူဖြစ်ချင်တယ်...ရှားမမကိုချစ်တယ်...ချစ်သူတစ်ယောက်လို"

ရှားရဲ့စကားတွေက ညှို့အတွက်တော့ နွေလည်ခေါင်မှာ မိုးကြိုးပစ်ချလိုက်သလိုပင်။
ကလေးငယ်ရဲ့ပြောင်းလဲသွားတဲ့အပြုအမူတွေ၏အဓိကအကြောင်းအရင်းက သူရိပ်မိနေသလိုပင်ဖြစ်နေသည်။ကလေးငယ်ကလည်း သူ့လိုပဲတဲ့လား။သူ့ကိုချစ်နေတယ်တဲ့လား။သူ့ချစ်သူဖြစ်ချင်တယ်တဲ့လား။

ပျော်ပါသည်...ပြောမပြတတ်အောင်ပင် ပျော်ပါသည်။သို့သော် ထိုအပျော်တွေ ရုတ်ချည်းပျောက်ကွယ်သွားရပြန်သည်။

သူနဲ့ကိုယ်ဟာပေါင်းဖက်ဖို့မဖြစ်နိုင်၊ချစ်ဖို့မဖြစ်နိုင်။သူရောကိုယ်ရောက မိန်းကလေးတွေဖြစ်နေတာ၊လိင်တူတွေဖြစ်နေတာက အတားအဆီးတစ်ခု။ဘယ်လောက်ပဲ LGBTတွေကို လက်ခံနေပါပြီပဲပြောပြော ကိုယ်တွေနေနေတာ မြန်မာနိုင်ငံဖြစ်လို့ ဝေဖန်မဲ့သူတွေက 99%လောက်ရှိမည်။

ဓူဝံကြယ်(Completed)Where stories live. Discover now