Part3

468 42 5
                                    

For Unicode

အရာအားလုံးကို စတင်ခဲ့သည့် ထိုနေ့အား ရှားဘယ်တော့မှမမေ့ပါ။

ဆယ်တန်းအောင်စာရင်းများထွက်ပြီးသည့်နောက်တွင် ရှားနှင့်ရှား၏အခင်ဆုံးသူငယ်ချင်းမလေးဟာလည်း ဂုဏ်ထူးများနှင့်အောင်မြင်ခဲ့သည်။

အင်္ဂလပ်စာတော်သည့်ရှားဟာ အင်္ဂလိပ်စာနှင့် သင်္ချာ နှစ်ဘာသာဂုဏ်ထူးထွက်ခဲ့ပြီး ရှား၏သူငယ်ချင်း လှလွန်းမေဟာတော့ ဓာတုဗေဒဘာသာရပ်ကို ဂုဏ်ထူးထွက်ခဲ့သည်။

ထို့ကြောင့် ရှား၏မိဘတွေဟာ ရှားအား ဂုဏ်ပြုပွဲလေးတစ်ခုပြုလုပ်ပေးသည်။

မိဘတွေ၏မိတ်ဆွေများ၊ရှား၏သူငယ်ချင်းများနှင့် စည်ကားနေသည့်ထိုပွဲလေးမှာ ရှားအတွက်​တော့ စိတ်ကျဉ်းကျပ်စရာတစ်ခုထက်မပိုခဲ့။ရှားသည် လူစည်ကားသည့် နေရာများကို သဘောမကျတတ်ပါ။
လူငယ်တွေ သို့မဟုတ် သူစိမ်းတွေချည်းရှိတဲ့ နေရာမျိုး၊ကိုယ့်လမ်းကိုယ်သွားနေရတဲ့နေရာမျိုးတွေဆိုတစ်မျိုး။အခုဟာက မနှုတ်ဆက်ချင်လည်း ဟန်ဆောင်ပြုံးပြနေရတာမျိုးဖြစ်နေလို့ ရှားအနေခက်သည်။

မေမေတို့မသိအောင် တိတ်တိတ်ကလေးထွက်လာကာ ဝရံတာမှာရပ်ပြီးလေညှင်းခံနေတုန်း အိမ်ရှေ့တွင် ရပ်လာသည့် Taxiတစ်စီး။
Taxiအတွင်းမှ လွန်းနှင့် အမျိုးသမီးတစ်ယောက်ထွက်လာတာကြောင့် နေရာကနေအပြေးသွားကာ လွန်းကိုကြိုဆိုလိုက်သည်။
သူမ အလွန်ကိုပျင်းနေပြီမဟုတ်ပါလား။

"လွန်း!...ငါစောင့်နေတာကြာပြီ ဘာလို့ နောက်ကျနေတာလဲ"

"ကားတွေအရမ်းပိတ်နေလို့ပါ ရှားရယ်"

ဆူဆူအောင့်အောင့်လေးပြောလိုက်တဲ့ ရှားရဲ့စကားကို လွန်းက အားနာဟန်လေးနဲ့ပြန်လည်ဖြေကြားလာသည်။

ဟုတ်ပါရဲ့ ရန်ကုန်မြို့ရဲ့ လမ်းမကြီးတွေအကြောင်းကို မေ့နေမိတာပဲ။

"ဟီးဟီး...ရပါတယ် လွန်းရဲ့...အခုရောက်လာပြီပဲ...လာလာ မုန့်သွားစားကြမယ်...ဟင် ဟိုဘက်ကအစ်မက ဘယ်သူလဲလွန်း"

လွန်းနဲ့အတူ အမျိုးသမီးတစ်ယောက်ပါလာတာကိုတွေ့ခဲ့ပေမဲ့ စကားပြောကောင်းနေပြီး နှုတ်ဆက်ဖို့မေ့နေခဲ့သည်။အခုမျက်စိရှေ့မှာတွေ့ရမှပင် ရှားမေးဖို့သတိရပါတော့သည်။အစက သူမရဲ့ ဝတ်ပုံစားပုံကြောင့် အနည်းငယ်အရွယ်ရောက်နေသည့် မိန်းကလေးတစ်ဦးလို့ထင်မိခဲ့ပေမဲ့ သေချာကြည့်လိုက်တော့ သိပ်အသက်ကြီးပုံမပေါ်ပါ။
ရှားတို့နဲ့ဆို ၃၊၄နှစ်လောက်သာ ကွာလောက်မည်။

ဓူဝံကြယ်(Completed)Where stories live. Discover now