Part5

413 32 1
                                    

For Unicode

တနင်္လာနေ့....
ဘာမှမဖြစ်ချင်ယောင်ဆောင်နေပေမဲ့ ရှားရင်တွေခုန်နေမိတာတော့ ထိန်းလို့မရ။ပထမဆုံးအနေနဲ့ တစ်ယောက်ယောက်ကိုအဖြေပေးတော့မယ်ဆိုတဲ့ အသိကြောင့်လည်း ရင်တုန်နေမိသည်။

အိမ်ကကားနဲ့ပဲ ကျောင်းလာလေ့ရှိတာမလို့
ကျောင်းရှေ့မှာပဲဆင်းကာ ကျောင်းထဲကို တရွေ့ရွေ့နဲ့ လာနေတဲ့ရှား။ကျောင်းထဲကိုဝင်ကာစပဲရှိသေးသည် ဘယ်အချိန်ကတည်းကစောင့်နေမှန်းမသိတဲ့ ဘုန်းထက်က ပြုံးပြုံးကြီးနဲ့အနားကိုရောက်လာကြောင့် ရှားမှာ အယောင်ယောင်အမှားမှား။

"ရှား...နောက်ကျတယ်နော်"

"အင်း..အင်း ဟုတ်တယ်"

"ငါနင့်ကိုစောင့်နေတာကြာပြီ သိလား...နင်ငါ့ကို အဖြေလေးပေးပါတော့နော်"

ရှားတင်မက ဘုန်းထက်ဟာလည်း ရှက်နေသယောင်ရှိကာ ရှားဆီမှ အဖြေကို မဝံ့မရဲလေး ​တောင်းခံနေလေသည်။

"ပေးတော့ပေးမှာပါ...ဒါပေမဲ့ အခုမှ မနက်အစောကြီးပဲရှိသေးတာကို...နောက်မှပေးမယ်လေ...နော်"

ရှက်ရမ်းရမ်းကာပြောနေတဲ့ ရှားက ပြောချင်ရာတွေပြောနေမိသည်။

"ဟင်...ဘာဆိုင်လို့လဲရှားရဲ့...အခုဖြေပါနော်...ငါ့ကို ချစ်တယ်မလားဟင်"

မျက်နှာငယ်လေးနဲ့ပြောနေတဲ့ ဘုန်းထက်။ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့လဲ သူတို့ကို အကဲခတ်နေတဲ့မျက်လုံးတွေ အများကြီးကိုတွေ့ရသည်။

"အင်း..အင်း"

"ဘာအင်းလဲ ရှားရဲ့...ငါ့ကိုချစ်တာလား"

"အင်း"

"ဟောဗျာ ရှင်းရှင်းလင်းလင်းပြောပါရှားရယ်..."

သိလျက်နဲ့မသိချင်ယောင်ဆောင်ပြီးအတင်းမေးနေတဲ့ဘုန်းထက်ကို ရှားစိတ်အချဉ်ပေါက်လာလေပြီ။အော်လိုက်ပြန်ရင်လည်း ရည်းစားစဖြစ်တဲ့နေ့မှာတောင် အနိုင်ကျင့်နေပါတယ်ဖြစ်အုံးမှာ။

"ဟုတ်တယ်...ဟုတ်တယ်...နင်ပြောတာမှန်တယ် ကိုဘုန်းထက်ရန်နိုင်ရေ...ဟုတ်ပါတယ်ရှင့်"

အရစ်ရှည်နေတဲ့ ရည်းစားအသစ်စက်စက်ကိုထားခဲ့ပြီး
ရှားထွက်လာလိုက်တော့ နောက်ကနေပြေးလိုက်လာပြန်သည်။မျက်နှာကလည်း မှိုရထားတဲ့မျက်နှာနဲ့။

ဓူဝံကြယ်(Completed)Where stories live. Discover now