" ခဏနေဦး ဒေါက်တာ ကျုပ်အကူအညီတောင်းစရာရှိတယ် "

" ပြောပါ ဦးလေး ဘာကူညီရမလဲ "

" ဓားဒဏ်ရာနဲ့ ရောက်လာတဲ့ လူနာ ဆုံးသွားပြီလို့ သတင်းလွှင့်ပေးပါ "

သူ့စကားကို ဆရာဝန်ကြီးက အံ့သြဟန်မပြ အမူအယာက ပုံမှန်လိုပင်  ။

" ဦးလေး ကူညီပါ့မယ် ။  အရေးကြီးလို့ အကူအညီတောင်းတယ်လို့လည်းထင်ပါတယ် "

" ကျေးဇူး တင်ပါတယ် ဒီဆေးရုံအတွက် Fund   1 billion ကျုပ် လှူမယ် ဒေါက်တာ "

" ဦးလေးကလည်း ကျေးဇူးအများကြီးတင်ပါတယ် ဒါဆို  သွားတော့မယ်နော် "

ဘေးကနေ ဆရာဝန်ကြီး ထွက်သွားမှ လီယို ကိုကို့ကို  ကြည့်မိတယ် ။

အပူအပင်မရှိပဲ အေးအေးချမ်းချမ်း ကို အိပ်ပျော်နေတာ ပဲ ဘုန်းဘေဘီ က ။

Nurse တွေနဲ့ အကူတွေက ကိုကို့ကို လက်တွန်းလှည်းပေါ်တင်ကာ ICU ခန်းထဲ ရွှေ့ဖို့လုပ်နေတာကြောင့် လီယို ကိုယ်တိုင် ဝင်တွန်းဖို့ ပြင်လိုက်သည်။

" ဖယ်ပေး ICU ခန်းအဝထိ  ကျုပ် တွန်းမယ် "

" မရ "

" ရရမရရ ကျုပ်က လုပ်မှာ ။  ခင်ဗျား တို့ လွှတ်လိုက်  ကျုပ် ICU အခန်းဝထိပဲတွန်းမှာလို့ပြောပြီးပြီ   "

လီယို မျက်မှောင်ကြုတ်ပြီး  အော်လိုက်တာကြောင့် Nurse တွေဆီက ဘာသံမှထွက်မလာကြတော့ ။

အခန်းဝထိ လီယို ကိုယ်တိုင်  တွန်းပေးပြီး ရပ်စောင့်နေလိုက်ရင်းနဲ့မှ မှန်တစ်ဖက်ခြမ်းက မြင်နေရတဲ့ ကိုကို့အား လွမ်းလွမ်းဆွေးဆွေး ငေးနေမိတယ် ။

နဂိုထဲကမှ လူကောင်က သေးပါတယ်ဆို ဘုန်းဘေဘီတစ်ယောက်ပိုပြီးသေးကွေးတော့မယ်။

မြန်မြန်သတိရလာပါတော့ ကိုကိုရယ် ယောကျ်ား ကိုကို့ကို ရင်ခွင်ထဲ ထည့်ထားချင်နေပြီ ။

" ယောကျာ်း ပြန်လာခဲ့မယ် ဘုန်းဘေဘီ "

ထွက်မသွားခင် လီယို တစ်ယောက်ယောက် ဆီကို ဖုန်းဆက်လိုက်သည် ။

ပြီးမှသာ ICU ခန်းရှေ့က ထွက်လာလိုက်တယ် ။

" အင်း စိတ်မကောင်း တစ်စက်ကလေးမှ တောင် နင့်အပေါ်ကို ငါမဖြစ်မိဘူး ဘုန်းဘေဘီ ရယ် "

Baby of the billionaireWhere stories live. Discover now