ᴡᴏʀʟᴅ ғᴀᴍᴏᴜs ʟᴏᴠᴇʀ Ⅱ 🤍

533 65 11
                                    

ᴅᴏ ʏᴏᴜ ᴋɴᴏᴡ ᴛʜᴇ ᴍᴇᴀɴ ᴏғ ᴡᴏʀʟᴅ ғᴀᴍᴏᴜs ʟᴏᴠᴇʀ ?
ɪғ ʏᴏᴜ ᴡᴀɴᴛ ᴛᴏ ᴋɴᴏᴡ, ʟᴇᴛ's ғʟᴏᴡ ᴡɪᴛʜ ᴛʜɪs sᴛᴏʀʏ ~











မျှော်နေခဲ့သော်လည်း ချစ်ရသူက ပေါ်မ လာခဲ့ပါ.....
အခန်းထဲတွင်လည်း စာရွက်အလွတ်များနှင့် စီးကရက်အတိုများက ပွစာကျဲလျက်......
နောက်ဆုံး စိတ်များစုစည်းကာ ကွဲနေသော Laptop လေးအားကိုင်၍ စတင်ရေးကြည့်သည်......
လှုပ်ရှားလာသော လက်ချောင်းများနှင့်အတူ Jungkook အတွေးထဲမျောပါသွား၏။


သူရေးနေသော ဇာတ်ကြောင်းက India ကျေးလက်ရှိ Tamil Nadu ပြည်နယ်တွင်ရှိသော ကျေးရွာတစ်ရွာမှ မိန်းခလေးတစ်ယောက်အကြောင်း......
ငယ်ငယ်ရွယ်ရွယ် ယောကျာ်းပေးစားသော ဓလေ့အရ သူတိတ်တခိုးသဘောကျနေသည့်သူနှင့် လက်ထပ်ခဲ့ရသည်.....
သို့သော် တစ်ဖက်မှ လူကား သူ့အားအဖတ်ပင်မလုပ်.....
ချစ်သည်ဟု စကားပင်မပြောသော ယောကျာ်းဖြစ်သူကို ထိုကောင်မလေးမှာ အပြစ်မမြင်ခဲ့......
မိုင်းတွင်းတူးသည့်နေရာတွင် အလုပ်လုပ်သော ယောကျာ်းအား လိုလေးသေးမရှိ ပြုစုပေးခဲ့၏။
ဒီလိုနှင့် သုံးနှစ်အရွယ်ကလေးတစ်ယောက်ရလာသည်အထိ.....
ဒီတစ်ကြိမ်တွင်တော့ အေးစက်သော သူတို့မိသားစုအတွင်းသို့ မထင်မှတ်သော ကံကြမ္မာတစ်ခုက ၀င်ရောက်လာခဲ့သည်.....
မြို့မှရောက်လာသော ရေနံ‌မြေအရာရှိ ချောချောလှလှ မိန်းခလေးတစ်ယောက်နှင့် အစပြုသည်.....


" တီ...... "


ရေးကောင်းနေဆဲ ခြံရှေ့မှ ကားသံကြားသဖြင့် အပြေးထွက်ကြည့်မိသည်.....
သို့သော် ထင်ထားသလိုမဟုတ်ခဲ့.....
ဆင်းလာသူကား သူငယ်ချင်းဖြစ်သူ Hoeseok....


" ဟာ Jungkook.... ဘယ်လိုတွေဖြစ်နေတာလဲကွာ..... "

အံ့ဩ၀မ်းနည်းသံဖြင့်ပြောလာသော သူငယ်ချင်းဖြစ်သူ၏ စကားများကို ဂရုမစိုက်ဘဲ ပြုံးရယ်ကာ အိမ်ထဲသို့ခေါ်လိုက်၏။



" လာလေကွာ..... "
" မင်း ဘယ်လိုဖြစ်သွားတာလဲကွာ..... Tae နဲ့အဆင်မပြေဘူးဆို.... "
" ...... "



တရစပ်မေးမြန်းလာသော မေးခွန်းအချို့ကို Jungkook ‌ဖြေနိုင်စွမ်းမရှိခဲ့.....
အိမ်ထဲသို့ လှမ်းဝင်ရင်းမှ ဂရုဏာ သက်ကာ ထပ်စကားစလာသော Hoeseok....



𝙼𝚘𝚛𝚎 𝚃𝚑𝚊𝚗 𝚆𝚘𝚛𝚍 ♡  ( 𝚃𝚊𝚎𝚔𝚘𝚘𝚔 𝙾𝚗𝚎𝚜𝚑𝚘𝚝 )Where stories live. Discover now