အပိုင်း ၄၀

Start from the beginning
                                    

မျက်လုံးမဖွင့်သေးဘဲ နို့လိုက်ရှာနေသည်မှာ မွေးကင်းစကြောင်ပေါက်လေးနှင့်ပင် တူပေ၏။
ထိုအမူအယာတို့ကိုကြည့်ပြီး အသည်းယားမှု သည် အတိုင်းအဆမရှိဖြစ်ပေါ် လာ၏။ တ​ခြားနေရာတစ်ခုမှဖြစ်ပေါ်လာသော ခံစားမှုတချို့ကိုလည်း ချုပ်ထိန်းနေရလေ​ပြီ။

ကလေးငယ်နာကျင်သွားမည်အဖြစ်ကို တွေးမိလေတိုင်း စိတ်သည် အခြေနေမကောင်းတော့။
ထို့ကြောင့် အိပ်ယာထက်မှ အမြန်ထလိုက်ပြီး ရေချိုးခန်းထဲ အမြန်ပြေးရသည်။

" ငါ့အနားသိပ်မကပ်နဲ့လေ "

" ကပ်မှာပဲ။ ကပ်နေတော့ ဘာဖြစ်လဲ၊ ဘယ်သူကို
သောက်ဂရုစိုက်ရမှာလဲ "

" ငါပြောလိုက်တာ တစ်ခွန်းတည်း။ ဘာလို့အရမ်းတွေ ဆတ်ဆတ်ထိမခံဖြစ်နေတာလဲ "

" မင်းကို အရမ်းချစ်မိသွားလို့ပေါ့ဟ "

" ......."

လူထင်တစ်ယောက် မဆိုင်တဲ့စကားများကို ပြောချင်တိုင်း ပြောလာသည်။ ထိုအပြောတို့ကြောင့် လည်း ရင်ခုန်ရသည်။ အရမ်းကို စကားဖြင့်ခြွေနိုင်သူကြောင့် နှလုံးသားလေးအား ဆက်သည်းခံထားရန် သတိပေးဖြစ်သည်။

" တိတ်သွားပြန်ပြီး။ ဇန် ငါမင်းကို ချစ်တယ်ဆိုတာ တကယ့်အတည်ပါ။ ငါ ရည်းစားထပ်မထားတော့တာ မင်းကို ချစ်နေမိသွားမှန်း ငါ့ကိုယ်ငါ
စသိတည်းကပါ ဇန်။ မင်းရည်းစားကို အမြန်
ဖြတ်ပြီး ငါကိုပြန်ချစ်လိုက်တော့နော် "

အတင်းကို ကောင်မလေးနှင့် ပြတ်စေချင်နေသူကြောင့် ရီ(ရယ်)ရမလို၊ ငိုရမလို ဖြစ်ရ၏။ တစ် ကိုယ်တည်းလူလွတ်စဥ်ခါက လာမပြောဘဲ အခုမှအတင်းတွေ အဖြေတောင်းလာသော လူထင်ကျော်မှာ အမြင်ကပ်စရာကောင်ပင်။

"  မင်းချစ်ချင် ချစ်လေ၊  တားနေလို့လား လူထင် ၊ လူတိုင်းကိုယ်လွတ်လပ်ခွင့်နဲ့ ကိုယ်ပဲလေ "

" မင်းကောင်မလေးကို လမ်းခွဲတော့မယ်မလား ဟင် "

" ငါ့ကောင်မလေးကိုဖြတ်မယ်လို့ ပြောမိလို့လား။ မင်းကိုလည်း အဖြေပေးမယ်မှ မပြောထားတာ "

" တကယ့်လို့ ငါကို ချစ်မိသွားခါမှ​ ဖြတ်ရင် မင်းရည်စားအတွက် အားနာစရာဖြစ်လာမှာ၊ အခုတည်းက ကြိုဖြတ်ထားလိုက်ရင် ပိုအဆင်ပြေတယ်လေ "

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now