ကုတင်ပေါ်ချပေးလိုက်သည်နှင့် မငိုတော့ပေမဲ့
သူလေးက ကျောခိုင်းပြီး ဟိုဘက်သို့လှည့်
ကာ တဟွန့်ဟွန့်နှင့် စိတ်ကောက်ပြီးနှုတ်ခမ်း
ဆူနေလေရဲ့။ သူဗိုက်လေးကိုကိုင်ထားပြီး
ရှိုက်သံလေးပင်ထွက်လို့။

ခမ်းကိုအနားကပ်တာနှင့် ဆိတ်ဆွဲလွှတ်တာ
ကြောင့် အသားနာတာကအကြောင်းမဟုတ်
အသက်လေးနားကပ်ဖို့က အဓိကမို့ အသက်
ဘယ်လောက်လုပ်လုပ်ငြိမ်ခံပြီး အတင်းဖက်
ထားလိုက်လေသည်။

"ဖယ်ပေး မဖက်နဲ့ လုံးလုံးလေးပါဆိုတာကို
သွားလို့ ဖယ်ပေးလို့ဆိုနေ"

"ဦးကအသက်ကိုအရမ်းစိုးရိမ်လို့ပါကလေး
ရယ် ဦးကအပြစ်တွေများခဲ့သူမို့ အသက်ရဲ့
ဆံချည်မျှင်တပင်တောင် ဦးထိခိုက်ခွင့်မပေး
နိင်တော့တာ ဦးအပြစ်လား အရမ်းချစ်လို့ပါ
အသက်ရယ် "

"အာ့ဆို လုံးလုံးလေးပါချစ်ရမှာပေါ့ အသက်
နဲ့လုံးလုံးလေးကပေါင်မုန့်လေးလိုဘဲ ပေါင်
မုန့်ကိုစားရင်အထဲကဟာပါစားမှရမှာ ဟွန့်
သွား မဖက်နဲ့ မခေါ်ဘူး"

အသက်ကို ရင်ခွင်ထဲမြုပ်အောင်ထွေးဖက်
ထားရင်း ပါးလေးကို နှုတ်ခမ်းပါးတွေနစ်မြုပ်
သည့်အထိ တရှိုက်မက်မက်နမ်းလိုက်လေသည်။

"မနမ်းနဲ့ သွားလို့ မခေါ်ဘူးလို့ဆိုနေ"

အသက်ရဲ့ပုံစံအမူအရာလေးက သူ့ကလေး
လေးအပြည့်အဝကာကွယ်နေတဲ့ မိခင်တစ်
ယောက်လိုပင်။ ခမ်းကိုအရမ်းချစ်ပေမဲ့ သွေး
သားနဲ့ဆိုရင် ဉာဏ်ရည်မမှီပေမဲ့ အပြည့်အဝ
ပိုချစ်ပေးတာ မြင်နေရလေသည်။

"Boss ဆရာဝန်ရောက်ပါပြီ"

အသက်ကို စမ်းသပ်စစ်ဆေးပြီးချိန် ဆရာဝန်
ရဲ့ ပြောစကားမှာတော့ ခမ်းကြောင်အအဖြစ်
သွားရသလို စိတ်ထဲကောရင်ထဲတွင်မက
ပျော်ရွှင်မူတွေက လှိုင်းတံပိုးလို စီးဝင်ရိုက်
ခတ်လာပြီး အသက်လေးပြောတာမယုံရ
ကောင်းလားဆိုပြီး အပြစ်တင်မိစိတ်လေးပါ
ဝင်လာရလေသည်။

"အသက် ဒါ ဒါဆို အသက်ဗိုက်ထဲမှာ ကလေး
လေး ဦးရဲ့ရင်သွေးလေးက"

ဝမ်းသာမျက်ရည်များ စို့နစ်၍ အသက်ဗိုက်
လေးကို တယုတယကိုင်လိုက်ပြီး ပီတီဖြာစွာ
ပြောလိုက်လေသည်။ လုံးဝထင်မှတ်မထား
သည့်ကိစ္စတစ်ခုက ဖြစ်သွားတာမို့ စမ်းသပ်
ပေးသောဆရာဝန်ကော သူရကကောအံ့သြ
မူနဲ့အတူ ပျော်ရွှင်ရိပ်များဖြတ်သန်းနေကြ
လေသည်။ သူရကတော့အလိုက်သိစွာနဲ့ ဆရာဝန်ကို ပြန်ပို့ပေးရန်ခေါ်သွားလေပြီဖြစ်
လေသည်။

ကကြိုးရုပ်[ Complete ]Where stories live. Discover now