Chapter...40

11.1K 640 44
                                    

ဒေါ်သီတာခိုင် မြေးဖြစ်သူရဲ့မောင်းထုတ်မူ
ကြောင့် အိမ်ပေါ်ထပ်ကနေ တောက်တခေါက်
ခေါက်ဖြင့် ဆင်းလာပြီး သွန်းနဒီအခန်းထဲသို့
ဝင်လိုက်လေသည်..။

တစ်ဦးတည်းသောသမီးဖြစ်သူက သူကို
ကြိုက်မဲ့သူတွေဝိုင်းဝိုင်းလည်နေရက်နဲ့ တိုင်း
တပါးသားဖြစ်တဲ့ထိုင်းလူမျိုး ခမ်းအဖေဖြစ်
သူကို တမ်းတမ်းစွဲဖြစ်ပြီး မအေတားမြစ်နေ
သည့်ကြားက ရအောင်ယူသွားလေသည်..။

ပညာတတ်ချမ်းသာအဆင့်အတန်းရှိပေမဲ့
အချစ်ကိုကိုးကွယ်တဲ့ဟာမကတော့ နောက်ဆုံးဘာရလိုက်လဲ...လင်ဖြစ်သူကနောက်မီးလင်းလို့ သားတစ်ယောက်နဲ့ကျန်ခဲ့ရတာ
ဘဲလေ...။အဲ့စိတ်နဲ့ဘဲအချစ်ကြီးတဲ့သမီးဖြစ်
သူကတော့ စိတ်ဆင်းရဲပြီးသေခဲ့ရတာပင်..။

အဖေကပစ်ထားခဲ့ပြီးအမေမရှိတော့တဲ့ ခမ်းကို မိတဆိုးလေးဆိုကာ အချစ်တွေပိုပြီးသနားစိတ်ပို၍ ထိန်း
ကျောင်းခဲ့ပေမဲ့ ဒင်းကတော့ ယောကျ်ားပျက်
ဖာအဆင့်ရှိတဲ့အကောင်ကြောင့် ဘွားအေဖြစ်
သူကို ရိုင်းစိုင်းတဲ့အထိပြောဆိုဆက်ဆံတာ
လောက် အသည်းနာတာမရှိပေ...။

အဆင့်အတန်းရှိပညာတတ်တဲ့မိနိးမကောင်း
နဲ့ဘဲတွဲမြင်စေချင်သည့် ဘွားအေရဲ့စေတနာ
ကိုစော်ကားရက်တာကြောင့် မချီတင်ကဲဖြစ်
ရလေသည်...။

"ဘွား....ကိုကို့ဆီလာတာလား...ကိုကိုအခြေ
အနေဘာထူးသေးလဲ..."

"အဆင့်အတန်းမရှိနိမ့်ကျတဲ့အကောင်အတွက်နဲ့ သူ့ဘဝကိုရေစုန်မျောဖို့တွေးထားတဲ့ပုံဘဲ
ဒါပေမဲ့ အဆိုးထဲကအကောင်းက အဲ့ကောင်
လေးမရှိတော့တာကိုက ဝမ်းသာစရာတစ်ခု
ဘဲ..."

"ဟုတာပေါ့ဘွားရယ်..သွန်းလည်းလေ ကိုကို
အခုလိုအရက်တွေဘဲသောက်နေတာကို မ
ကြည့်ရက်ပေမဲ့ အဲ့အကောင်ရဲ့မာယာတွေ
ကြား ကိုကိုလွတ်သွားတာကို ကျိတ်ပျော်လို့
မဆုံးဘူး...ကိုကိုအနားမှာသူကိုရှိကိုမရှိနေချင်
တာ..."

"ခမ်းအခုလိုဖြစ်နေတာလည်း ဘယ်လောက်
ကြာမှာမို့လို့လဲ အချိန်တန်မေ့ပျောက်သွားမှာ
ဘဲ...အဲ့အချိန်ကျရင် ငါသဘောတူတဲ့မိန်းက
လေးနဲ့လက်ထပ်ဖို့တိုက်တွန်းရမယ်...ငါဖြစ်
ချင်ဆုံးဆန္ဒတစ်ခုပေါ့..."

ကကြိုးရုပ်[ Complete ]Where stories live. Discover now