Chapter...54

10.7K 618 34
                                    

ဘယ်တော့မှမျက်ရည်မကျတတ်တဲ့ခမ်းဟာ
အသက်သူကိုခွဲခွာသွားချိန်တချိန်မှာတော့
မျက်ရည်ကျမိခဲ့ပေမဲ့ အခုချိန်မှာတော့ ခတ်ကို
ခပ်ထွေထွေသာစူးစိုက်ကြည့်ပြီး အခန်းထဲမှ
ထွက်လာခဲ့လေသည်။

အခန်းတံခါးကိုအားပြင်းပြင်းနဲ့ဆောင့်ပိတ်
သွားတဲ့အသံတစ်ခုနောက်မှာတော့ အိပ်ရာ​
ပေါ်ရှိ ခတ်မှာတော့ မျက်ရည်ဥများကိုစိတ်
ကြိုက်သွန်းဖြိုးခွင့်ပေးလိုက်လေသည်။ခန္ဓာ
ကိုယ်နာကျင်မူနဲ့ထပ်တူ အသည်းထဲနှလုံး
သားထဲကပါ တစ်စတစ်စ နာကျင်မိသည်မှာ
အမှန်ပင်။

ဘယ်သူမှမသိအောင်မြိုသိပ်ထားရတဲ့ခံစား
ချက်တွေပြည့်နှက်နေတဲ့ မွန်းကျပ်မူတွေကို
ရင်ဝယ်ပိုက်ကာ သိပ်လှတဲ့ချစ်ခြင်းတရားကို
မထွေးပိုက်နိင်တဲ့ ပန်းလေးတစ်ပွင့်နှယ်။

ပြူမူဆက်ဆံပုံတွေကြောင့် ရခဲ့တဲ့ဒဏ်ရာတွေ
ကို စိတ်ထွက်ပေါက်တစ်ခုအဖြစ်ငိုရှိုက်မိပြီး
နောက်မှတော့ ဒဏ်ရာတွေကိုသက်သာလို
ငြား ရေချိုးခန်းထဲဝင်ကာသန့်ရှင်းလိုက်ပြီး
ဆေးလူးထားလိုက်လေသည်။ ထိုနောက် အ
ခန်းတံခါးကို အသာလှစ်ဟကာ အိမ်အောက်
ထပ်သို့ ဆင်းလာပြီးသူ့အတွက် စားစရာတစ်
ခုခုလုပ်ပေးချင်မိသေးသည်။

ဝမ်းဗိုက်က နာကျင်မူက ထိုးအောင့်လာပေမဲ့
ထိုအရာကို လျစ်လျူရှုကာ လှေကားထစ်
တစ်ခုချင်းဆီ ဆင်းသက်လာလိုက်လေသည်။

ထိုစဥ် သွန်းနဒီရဲ့အခန်းကို လူတစ်ယောက်
ဝင်သွားတာတွေ့လိုက်မိတာကြောင့် မသိမသာ
အခန်းဝကနေ ချောင်းကြည့်လိုက်လေသည်။

"ရှင်ဘာလို့ကြာနေတာလဲ ဘယ်မှာလဲကျွန််မ
မှာလိုက်တဲ့ဟာ"

"လမ်းကြောင်းတွေရှင်းနေရလို့ကြာသွားတာ
ဒီတခါပစ္စည်းကကောင်းလို့ စျေးတော့ပိုပေးရ
လိမ့်မယ်"

"ကျွန်မကို ပိုက်ဆံပိုရချင်လို့လိမ်ဖို့တော့မစဥ်း
စားနဲ့နော် ရှင့်ကိုတောင် ဆရာဝန်ဆိုပြီးလိမ်
ခေါ်ပြီး ဒီပစ္စည်းတွေဝယ်နေရတာ ပစ္စည်း
ပြတ်နေပြီဆိုရင် ရှင်တို့က တော်တော်နဲ့
ရောက်မလာဘူး"

ကကြိုးရုပ်[ Complete ]Where stories live. Discover now