"ခင်ဗျားဘယ်သူလည်း"

"အဟက်~ငါလား?... ငါကသားမုဏ်းရဲ့အဖေဘဲ"

ရှိုးသည် အံ့ဩသောအနေထားဖြင့်ပါးစပ်ပွင့်သွားကာ...

"အော် ဒါဆိုယောက္ခထီးကြီးပေါ့ စောစောထဲကအဲ့လိုမပြောဘူးဗျာ ယောက္ခထီးကြီးဘာစားချင်လည်း ကြိုက်တာမှာ"

တကယ်ဆို သူများသားသမီးကိုယူမယ်လူကဒီလိုရိုင်းပြီး ပေါ့ပျက်"စကားမျိုးကိုမပြောသင့်ပါ။ သို့ပေမဲ့ဒီကောင်လေးက လူကြီးကိုအရိုအသေမရှိ လက်နှစ်ဖက်အားနောက်စိကိုပေးပြီး ခြေကိုချိတ်လျက် ဆိုဖာပေါ်ခက်လျော"အနေထား ထိုင်နေသည့်ကောင်လေးက အရိုင်းစိုင်းဘဲဖစ်မည်။

ဘယ်လောက်ဘဲပိုက်ဆံရှိ မျိုးရိုးမြင့်ထဲကဖစ်နေပါစေ ဤလိုလူ့ကျင့်၀တ်မရှိတဲ့ကောင်လေးအား ဦးလွှမ်းဘယ်လိုမှ သမတ်မတော်နိုင်ပါ

သားမုဏ်းကယောက်ျားတယောက်ကိုသာ စိတ်၀င်စားမယ်ဆိုရင်တောင် သူကလွဲပြီးတခြားတယောက်သာ လက်ခံမည် ဒီလိုကလေချေကောင်ကိုတော့ ဦးလွှမ်းက ဟန်ထရက်ပါဆယ်(100%) နိုးဖစ်၏။

"ငါ့သားနဲ့ထပ်မပတ်သက်တော့နဲ့ မဟုတ်ရင်မင်းအသက်အာမခံနိုင်ဘူး"

"ဟားဟား! မြန်မာကားမဆန်စမ်းပါနဲ့ဗျာ ကျတော်က မုဏ်းကိုဘယ်တော့မှ လက်လွှတ်မှာမဟုတ်ဘူး"

"အဲ့တာငါ့အကြောင်းမဟုတ်ဘူး ဒါ‌ေပမဲ့~~~ မင်းနဲ့ငါ့သားက ဘယ်တော့မှဖစ်လာမှာမဟုတ်ဘူး "

ထိုစကားပြောက ထထွက်‌သွားသောဦးလွှမ်းကြောင့် ရှိုးမျက်နှာဟာ ပကတိထက်ပိုပျက်သွားခဲ့၏!

သူကဘာတွေမြန်းချို့ယွင်းချက်ရှိနေလို့လည်း သူသိထားသလောက်ဆို မုဏ်းအဖေကလည်းLGBTတယောက်ဘဲလေ~ ဒါကိုသူကဘာကိုသဘောမတူနိုင်ရတာလည်း?...

သဘောမတူလည်း ဒီကောင်ကမုဏ်းကိုမရ'ရအောင်ယူမှာမို့လို့ မုဏ်းကသာကိုယ့်ကိုအဆင်သင့်ဆောင့်နေပေးပါ မောင့်မုဏ်းရယ်...။
.
.
.
.
.
.
.

ဒီနေ့က မောင်နဲ့မုဏ်း3 months Anniversaryနေ့လေး...

လုပ်နေကြပုံစံ ဂျူဒီကုပ်လေးကိုတံတောင်ဆစ်ချိုးချိတ်ထားပြီး လက်တွင်လည်း Mg+Moumဆိုတဲ့ စက်ဝိုင်းပုံကိတ်မုန့်လေးအား ကိုင်ထားသည်၊ နာရီကိုကြည့်လိုက်တော့ 5နာရီခွဲလို့10မိနစ်စွန်းနေပေမဲ့ မောင်ကခုထိမလာသေး။

MOUM{Completed}Tempat cerita menjadi hidup. Temukan sekarang