"ဖေက ထွက်မှမလာတာ ဘော်ဒါကိုလဲ ဖေကြီးတယောက်ပဲ လာကြိုတယ် ဖေက ဘာလိုလိုက်မလာတာလဲ"

"ဖေ့က သားလေးတို စားဖို့ ဟင်းချက်နေတာလေ
ဖေ့သားကြီးကြိုက်ရော ဖေ့သားငယ်လေးအကြိုက်ရောပေါ့"

"အဲတာကြောင့် ဖေ့ကို ချစ်တာ"

ရသနဲ့ ချစ်ခြင်းစကားပြောနေတာကို ဖြိုးမိုရ်ငေးကြည်နေမိသည်

ချစ်ခြင်းက အိမ်ထဲစဝင်လာစတည်းက သူကိုမမြင်တာလား ဒါမှမဟုတ် မမြင်ချင်ယောင်ဆောင်နေတာလား သူစဥ်းစားရကျပ်နေသည်

မမြင်စရာအကြောင်းတော့မရှိ ကောင်းခြင်း ကတောင်သူကို ရယ်ပြသွားသေးသည်

"ကဲ ဒီသားအဖ အလွမ်းသည်တာ တော်သင့်ပြီးရသလေး စားဖို့ အဆင်သင့် ဖြစ်ပြီးလား
ကိုက အလုပ်ပြန်သွားရမှာ"

"အဆင်သင့်ပဲ ကို စားလို့ရပြီး"

"ဖေကြီးက အလုပ်ပြန်သွားအုံးမလို့လား"

"သွားရမယ်လေ သားရဲ့ "

"ဖေကြီးက တရက်တလေပဲဟာ နားတာ မဟုတ်ဘူး"

"ဖေကြီးလဲ နားချင်တာပေါ့ အလုပ်တွေ ကျပ်နေလိုသာ"

"ကဲပါ ဒီသားအဖတွေ ထမင်းစားကြရအောင်"

ဖေ့ရသကြောင့် ထမင်းစားရန်သာ ဦးတည် လိုက်သည်

ထမင်းစားချိန်တလျောက်လုံး သူကသာဟင်းတွေ ထည့်ပေးနေပေမဲ့ မောင်က သူကို တချက်ပင် အဖတ်မလုပ်ခဲ့

မောင်က ထမင်းစားဝိုင်းတွင် အားလုံးနဲ့ စကားပြောနေပေမဲ့ သူကို အကြည်လေးတချက်တောင် မစွန်ကျဲခဲ့ ဘူး

ထမင်းစားပြီးတာနဲ့ ကောင်းခြင်းက ဖေကြီးအလုပ်နောက်လိုက်သွားကာ

မောင်ကတော့ သူအခန်းသာတန်ဝင်သွားလိုက်တော့သည်

မောင်တို ဒီအိမ်အသစ်ကို ပြောင်းလာတာမောင် ငါးတန်းနှစ်တည်းကပင်

ဖေကြီးအချစ်က ဖေရသအကြိုက်တွေချည်းပဲမို
တအိမ်လုံးက ခရမ်းရောင်နုနု လေးတွေသာသုံးထားသည်

ဖေကြီးနဲ့ဖေဖေတိုက အပေါ်ထပ်က အခန်းမှာ နေကြပြီး

မောင်နဲ့ ကောင်းခြင်းက အောက်ထပ်က မျတ်နှာချင်းဆိုင်အခန်းမှာနေကြတော့

အချစ်၏ အခြားသော နာမဝိသေသနWhere stories live. Discover now