အပိုင်း ၃၂

Start from the beginning
                                    

" လူကြီး "

ခေါ်သံသည် ခုနတင်ပြောဆို စွာခဲ့နေသော အသံ
နှင့်လွန်စွာကွဲပြားလွန်း၍ မင်းထွဋ်ခေါင် လက် ပိုက်လျက် ရပ်ကြည်နေမိ၏။

" ပြောလေ ကလေးငယ် "

ခေါ်သံလေးကြောင့် အလုပ်လုပ်နေရင်းမှ ပြန်ထူးလိုက်သည်။ စားပွဲရှေ့ရပ်နေသူ ကလေးငယ်၏ မျက်နှာလေးကို မော့ကြည့်လိုက်လျှင် နောက်ပါးမှ ထပ်မြင်လိုက်ရသူကြောင့်

" ကလေးငယ်ခေါ်လာတာလား "

" ဟုတ်တယ်။ အဲဦးလေးကြီးက အကြွေးလာလိုက်တောင်းတာ "

ကလေးငယ်၏အဖြေစကားကြောင့် ဒေါင်းမာန်ပြုံးမိသည်။ ထိုမှ တဖြည်းဖြည်းပြုံးလာသော မျက်နှာနှင့်

" ဟားဟားဟား...အဟက် အကြွေးလိုက်တောင်းတဲ့ ဦးလေးကြီးလား "

" အင်း "

ခေါင်းလေးညိတ်ဖြေလာသော ကလေးငယ်အ ပြောကြောင့် ဒေါင်းမာန်ထပ်မံ ရယ်(ရီ)ရပြန် သည်။

" ဟေ့ကောင် ဘာရယ်(ရီ)တာလဲ "

မျက်နှာကြည်လျက်ဖြင့် မရပ်မနားဆက်ရယ်(ရီ) နေသော ဒေါင်းမာန်ကြောင့် မင်းထွဋ်ခေါင်မာန်လိုက်သည်။

ချပ် ချပ် ချပ် ချပ်...(နာရီလက်တံရွေ့လျားသံ)

အခန်းထဲဝယ် လူသုံးယောက်တိတ်ဆိတ်စွာ ထိုင်နေကြသည်။ ဒေါင်းမာန်နှင့် စွယ်သော်လင်းသည်တစ်ဖက် ဦးမင်းထွဋ်ခေါင်က တစ်ဖက်။

" ကောင်လေး အကြွေးပေးတော့လေ "

" လူကြီး "

" ဦးထွဋ်ခေါင် ဘယ်လောက်လဲသာပြောလိုက် "

" ဘာကွ ! ငါ့ငွေနဲ့ ငါကိုပြန်လျော်မယ်ပေါ့လေ "

" ငါ့ငွေ "

စွယ်သော်လင်း တိုးတိုးရေရွတ်မိသည်။ လူကြီးအား အော်ဟစ်ပြောဆိုသူမှာ မည်သူနည်း။

" ဒေါင်းမာန် မင်းဟာလေးက အတော်ဆိုးမယ်ပုံပဲ၊ ငါ လုံးဝ သဘောမတူဘူး "

ကလေးငယ်အားကြည့်လျက်ပြောလာ၍ ဒေါင်းမာန်စကားပြန်ပြောရန် ပါးစပ်ပြင်လိုက်ရုံရှိသေးချိန်၌ ကလေးငယ်မှာ ဦးစွာစကားစလိုက်ပေ၏။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now