"ဟုတ်ပါပြီ မြူ့မေမေနဲ့ပက်သက်ပြီး ဘာတွေအမှတ်တရရှိသေးလား"

"မေမေ? အဲ့နာမ်စားလေးကို မခေါ်ဖူးတာ တော်တော်ကြာခဲ့ပြီလေ..မြူ့အသက်ငါးနှစ်သားအရွယ်ကထင်တယ် မေမေကလေ ကျွန်တော့်ကို မိုးရေထဲ စွန့်ပစ်ခဲ့တဲ့အချိန်တည်းက ဒီနေ့အထိ မခေါ်မိဖူးတော့ဘူး"

"ဘယ်လို မြူ့မေမေက မြူ့ကို စွန့်ပစ်ခဲ့တာဟုတ်လား"

"ဟုတ်ပါတယ် အဲ့နေ့က ကိုနဲ့ကို့မေမေသာ မြူ့ကို မခေါ်သွားခဲ့ရင် ဒီနေ့ဒီလိုအချိန်ထိ မြူအသက်ရှင်မယ်မထင်ဘူး"

"တောင်းပန်ပါတယ်နော် မြူ့ရဲ့ ဒဏ်ရာတွေ ပြန်ဆွပေးမိသလို ဖြစ်သွားလို့".

"ရပါတယ်ဗျ...​ြကုံတုန်း တစ်ခုလောက် တောင်းဆိုချင်တာ​​လေးရှိတယ်"

"ဘာများလဲ မြူရဲ့.."

"ခုရောက်နေတဲ့သူတွေရော liveကနေ ကြည့်နေတဲ့သူတွေအားလုံးကို မြူတစ်ခုလောက် တောင်းဆိုပါရစေ...တစ်နေ့မိဘရယ်လို့ဖြစ်လာခဲ့ရင်လေ ကိုယ့်ရဲ့သွေးသားကို မစွန့်ပစ်ကြပါနဲ့.....လူလောကကြီးထဲ ဘာမှမသိမနားလည်တဲ့ လူမမယ်အရွယ်ကလေးလေးတစ်ယောက်ရဲ့ စိတ်ဒဏ်ရာကလေအရမ်းနာကျင်ရပါတယ်...

မိုးသည်းနေတဲ့ ဟင်းလင်ပြင်အောက္မှာ မိုးကာမပါ ထီးမပါနဲ့ ေမမေ မေမေလို့ အော်ခေါ်နေတဲ့ ကလေးတစ်ယောက်ရဲ့ နာကျင်မှုတွေကို ဥပက္ခာမပြုကြပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်ဗျ.."

မြူနှိုင်းဆက်တစ်ယောက် ပြောလို့အပြီး မျက်ရည်များ ဝဲလာတော့သည်...လက်ဖဝါးပေါ်သို့ မျက်ရည်စက္များ မကျဆင်းခင်အချိန် မင်းခတ္တာတစ်ယောက် တစ်သျှူးဖြင့်အလျင်အမြန်သုတ်ပေးကာ ရင်ခွင်ထဲသို့ ထွေးပိုက်ထားလိုက်လေသည်...

"မောင် ကိုယ်လည်းကတိပေးတယ်သိလား
အနာဂါတ်မှာ ကိုယ်တို့နှစ်ဦးရဲ့ ရင်သွေးကို လုံးဝမစွန့်ပစ်ပါဘူးလို့လေ..."

"ကိုကလည်း...မောင်က ယောကျ္ားသားလေ ဘယ်လိုမွေးပေးနိုင်မလဲ"

"ယောကျ္ားလေးလဲ ကလေးယူလို့ရတဲ့သူတွေရှိတာပဲလေ မောင်ရ"

"ဟုတ် ကို့ရဲ့ရင်သွေးကို မောင်သာ မွေးပေးနိုင်ခဲ့ရင် အကောင်းဆုံး ပြုစုပျိုးထောင်ကြမယ်နော်"

The little bond of the silver Snow [Complete]Where stories live. Discover now