"ဟား..ငါ့တူရာ..မတွေ့ရတာ ကြာလို့လားမသိပါဘူးကွာ..ငါ့တူ လေညှင်းသွဲ့က ပိုချောလာတယ်ဟေး"

ဒီနေ့က အားလပ်ရက်ဖြစ်တာရော ဦးစံလေဆိပ်ဆင်းတဲ့ရက်လာတိုက်ဆိုင်နေတော့ ကိုထွန်းနဲ့အတူ ဦးစံကို လာကြိုဖြစ်သည်။

"လာပါဦးကွာ..ဦးစံက ဟိုမှာ ဆွေမရှိမျိုးမရှိဆိူတော့ ငါ့တူကို လွမ်းနေတာကွ.."

ပြောလည်းပြော အရပ်ရှည်ရှည် ကိုယ်လုံး
ခပ်ပြည့်ပြည့်က လေညှင်းကိုယ်လေးကို ထွေးဖက်လာသည်။အမေဆုံးသွားကတည်းက ဦးစံသာ လေညှင်းရဲ့ တစ်ယောက်တည်းသော အားကိုးရာမို့ အခုလိုအနားပြန်ရောက်လာတော့ တင်းထားတဲ့စိတ်တွေ လွတ်ချမိသည်။

"ဟင့်..သားလည်း ဦးစံကိုလွမ်းနေတာ..ဦးစံအရမ်းရက်စက်တာပဲ..သားကိုအကြာကြီး ပစ်ထားရက်တယ်..အင့်"

"အဟား..ဟုတ်ပါပြီကွာ..ပထမတော့ ဦးစံဒီကို ခဏတဖြုတ်ပြန်လာတာ..အခုတော့ ဟိုက ဆေးရုံလည်း ဖွင့်ဖို်ပဲ ကျန်တော့တယ်ဆိူတော့...ဦးစံရဲ့လက်ထောက်နဲ့ပဲ ဒီက စီစဥ်ညွန်ုကြားဖို့ ဆုံးဖြတ်ထားတယ်..အဲ့တော့ ငါ့တူအနားမှာ ဦးစံက အရင်လို အမြဲနေပေးတော့မှာ..ဘာမှအားမငယ်နဲ့ ဟုတ်ပြီလား..ကြည့်ပါဦး..ငါ့တူလေးက အိမ်ထောင်ကျလို့ လူကြီးလေးတောင် ဖြစ်နေပြီ..အခုထိ ကလေးလေးလို ချွဲ​ေနတုန်း"

မျက်ရည်တွေ ပွတ်သုတ်ပေးရင်း မေတ္တာငတ်နေတဲ့ကလေးကို နှစ်သိမ့်တော့ အရင်လို ပါးချိုင့်လေးပေါ်အောင် ရယ်ပြလာသည်။

"ဦးလေး..အိတ်တွေ ကျွန်တော်သယ်ခဲ့မယ်ဗျ"

"​ေဩာ်..အေးအေး..ကျေးဇူးပါ ငါ့ညီရာ"

ကိုထွန်းက ခရီးဆောင်အိတ်ကို ဦးစံဆီက လက်လွဲယူလိုက်ပြီး တူဝရီးနှစ်ယောက်နောက်က လိုက်လာခဲ့သည်။

"ဦးစံ သားအိမ်မှာပဲ နေရမှာနော်..ကြာပါတယ်..အခုတစ်ခါတည်း အိမ်ကိုပဲမောင်းလိုက်တော့ ကိုထွန်း"

"ဟုတ်ကဲ့..အကိုလေး"

"ဦးစံလည်း သားနဲ့အတူနေဖို့ ပြန်လာတာပါကွာ..
စိတ်ချ..ငါ့တူက နှင်လွှတ်ရင်တောင် ဦးစံ အိမ်ကမခွာဘူး..ဟား..ဟား"

စေလိုရာစေ(Completed)Where stories live. Discover now