2

908 155 10
                                    

Unicode

အိမ်ပေါ်ထပ်လှေကားတွေပေါ်မှဆင်းလာတဲ့Jeonဟာတစ်နေရာဆီသွားဖို့စိတ်အားထက်သန်နေခဲ့သည်။

"ထပ်ပြီးအဲ့ကိုသွားဦးမလို့လား"

မနက်စောစောစီးစီးမကြားချင်တဲ့အသံကြောင့်Jeon၏ခြေလှမ်းများဟာတုံ့ခနဲ....
ခဏလေးသာရပ်သွားတာပါ
မကြာပါ ရှေ့ဆက်သွားဖို့ပြင်သည်။

"မင်းဒီလိုလျစ်လျူရှူတာတွေတော်တော်များနေပြီထင်တယ်Jeon"

"အဓိကကအဖေ့ကိစ္စတွေဝင်မဖက်စွက်ရင်ပြီးတာပဲမဟုတ်လား"

"မင်းလုပ်နေတဲ့အလုပ်တွေကငါ့ကိုထိခိုက်စေတယ်"

"ကျွန်တော်အဖေ့ရဲ့အတ္တတွေအတွက်နဲ့အကုန်လုံးကိုစွန့်လွှတ်ပြီးပြီ ထပ်ပြီးဘာတွေပေးရဦးမှာလဲ
ကျွန်တော့်မှတ်ဉာဏ်တွေရော အမေ့ကိုရောဆုံးရှုံးရပြီးပြီလေ"

"ငါရိုးရိုးတန်းတန်းစကားပြောနေတာမင်းအမေအကြောင်းတစ်ခွန်းမှပါမလာနဲ့"

"အင်းပေါ့ အပြစ်တွေဆိုတော့လည်းမကြားချင်တာမဆန်းပါဘူး"

"Jeon!!ဒီကိုလာစမ်း အခုချက်ချင်း"

"မလာနိုင်ဘူး"

Jeon၏ခြေလှမ်းတွေသည်ရှေ့ဆက်တိုးခဲ့သည်။
နောက်ကအော်ဟစ်လိုက်သံကိုဂရုမစိုက်ပဲအိမ်ပြင်ကိုထွက်သွားသောJeonဟာသခင်ကြီးအမြင်မှာတော့ကန့်လန့်တိုက်ကောင်းတိုက်နေခဲ့လိမ့်မည်။

"သခင်လေးJeon ဒီနေ့ဘယ်သူမှပေးမထွက်ရဘူးလို့သခင်ကြီးကမှာထားပါတယ်"

ပြဿနာသည်အခုမှစတင်လေပြီ။
ခြံတံခါးကိုတွင်တွင်ပိတ်ထားသောအစောင့်များသည်ရထားလုံးကိုပြန်လှည့်ခိုင်းနေသည်။
ရထားစောင့်လည်းဘာမှမလုပ်တတ် မကိုင်တတ်။

"မင်းတို့တားလည်းငါရအောင်ထွက်မှာ
ငါ့ကိုအမိန့်လာမပေးနဲ့"

"တောင်းပန်ပါတယ် သခင်လေးရယ်
ကျွန်တော်တို့ဘယ်လိုမှမတတ်နိုင်လို့ပါ"

အစောင့်တွေသည်လည်းအမိန့်ဆန်လှသောစကားလုံးတွေနှင့်သခင်ကြီးကိုလည်းကြောက်ရသလိုတဇွတ်ထိုးနိုင်လှသည့်သခင်လေးJeonကိုလည်းကြောက်ရသည်။
ထို့ထက်ဆိုးသည်ကားသားအဖနှစ်ယောက်သည်မတည့်ခြင်းပင်...။

Carmine(Completed)Where stories live. Discover now