• 6 •

1.2K 165 38
                                    

UNI

“ကိုကို...ကိုကိုရေ
မောင်ခေါ်နေတယ်နော်”

‘ဘာလဲ...ပြောလေ ဘာလဲ’

“ကြည့်၊နှာချေပြီးနှာခေါင်းတွေ ဒီလောက်ရဲနေတာကို ပြန်ပြောပုံကိုက ဆေးသောက်ပါဆိုတာတောင် ကိုကိုကလေ တကယ်ခေါင်းမာနေတယ်”

‘မသောက်ဘူး ဘယ်သူလိုက်စနေလို့ ဖြစ်တာလဲဟမ်’

မျက်စောင်းထိုးပြီးကြည့်လာတော့မှ ပြေရာပြေကြောင်းပြုံးပြမိသည်။မနေ့က ကိုကိုကခေါင်းလျှော်ပေးတော့ မျက်လုံးလှန်ကြည့်တဲ့အခါ မြင်နေရတဲ့ နှုတ်ခမ်းဖူးဖူးကို မစောင့်မစည်းနိုင်ဘဲ ကိုကို့ကိုပါ ရေထဲဆွဲချပြီးနမ်းမိတာမို့ ရေထဲကြာပြီး နှာစေးတာကို ကောက်သွားတာ မနေ့ကတည်းကပင်။

အိမ်ရောက်ရောက်ချင်းမှာတင် သူ့ကိုနှစ်ခါတောင် အသားယူတယ်ဆိုပြီး ဒေါသကထွက်သေးသည်။
ပြောသေးတာက ‘မင်းက ရူးနေရင်တောင် အရူးပါးပဲဖြစ်မှာဂျွန်ဂျောင်ကုရဲ့’ ဆိုပြီးတော့အော်ရင်း ထုတာကလည်း ဘယ်နှစ်ချက်မှန်းမသိ၊
ကိုကိုက တကယ့်စွာတေးပင်။

“ကိုကို တကယ်မသောက်ဘူးလား”

‘လုံးဝပဲ’

“ကိုကိုက မောင့်ကို မချစ်ပါဘူး”

‘ဟုတ်တယ် မချစ်ဘူး’

“ကိုကိုကမချစ်ပဲနေနိုင်ပေမယ့် မောင်မှမနေနိုင်တာ မောင့်ကိုမသနားဘူးလား”

‘မသနားပါဘူး၊လူကိုသာ သူသနားရင် အခုလို နှာစေးမှာတောင်မဟုတ်ဘူး’

“တကယ် မသနားဘူးနော်”

‘ဟုတ်တယ်၊လုံးဝပဲ’

“ဘိုင့်၊မောင် အစ်ကို ဆွန်းဟျောင်းဆီသွားပြီ
ဆေးရုံနားနေခန်းသိတယ်ဟုတ်၊လိုက်ခေါ်လို့ရတယ်နော်”

‘တော်တော်နစ်နာနေမယ်။ဟန်ဆွန်းဟျောင်းက ဂျွန်ဂျောင်ကုဘက်တော်သားလေ၊’

“ဒါကတော့လည်း ဂျွန်ဂျောင်ကု ကမှန်နေခဲ့တော့လေ”

‘မောင်’

“ပြောလေ ကိုကို ချက်ချင်းကြီးဘာဖြစ်သွားတာလဲ”

‘မောင်သာလေ အတိတ်ကမှတ်ဉာဏ်တွေအကုန်ပြန်မှတ်မိသွားခဲ့ရင်ရော’

You are the Only One  ( ✔ ) Dove le storie prendono vita. Scoprilo ora