Extra

44.9K 2.7K 56
                                    

[ သူကြီးသမက် ]

     "ဖေဖေရိပ်ရေ ... အရက်သမားအလုပ်ကပြန်လာပြီ"

     "ဒီအဖေပေးကလေးတွေကတော့! ငါမင်းတို့အဖေကွ ဘယ်လိုတွေခေါ်နေတာလဲ! အရိပ် ကလေးတွေကိုဘယ်လိုတွေသင်ထားတာလဲ!"

     ရိုးအင်းထဲကပြန်လာလာချင်းအိမ်ဝင်းထဲဝင်ကာပဲရှိသေး၏။ ကြက်ပေါင်ကွင်းကိုမြေကြီးပုံထဲထည့်ထားကာဒုတ်နဲ့ထိုးကော်ကစားနေတဲ့သားနဲ့သမီးကရိုးကိုမြင်တော့၊ အိမ်ထဲကအရိပ်ကိုလှမ်းအော်ပြောလိုက်တာ။ <အရက်သမား အလုပ်ကပြန်လာပြီတဲ့>

     ရိုးရဲ့သားနဲ့သမီးကအခုမှလေးနှစ်ကျော်လေးသာရှိသေးပြီး၊ အခုလိုရိုးကိုခေါ်လိုက်တာကအဖေတစ်ယောက်အနေနဲ့ကဘာမှမဖြစ်ပေမဲ့ ပတ်ဝန်းကျင်ကြားရင်ကမကောင်းတာကြောင့်၊ အိမ်ထဲကအရိပ်ကိုစိတ်တိုတိုနဲ့လှမ်းအော်ပြောလိုက်မိသည်။

     "ဘာလဲ ဘာတွေအဲလောက်အော်နေတာလဲ!"

     အရိပ်တစ်ယောက်မနက်ကလျှော်လှန်းထားတဲ့အဝတ်တွေခြောက်လို့ အခန်းထဲမှာခေါက်သိမ်းနေတုန်း အပြင်ကရိုးရဲ့အော်သံကြောင့်၊ထွက်လာပြီး စိတ်မရှည်သလိုမေးလိုက်တော့။

     "သားနဲ့သမီး ကိုယ့်ကိုဘယ်လိုခေါ်လဲ အရိပ်ကြားလား!"

     "ကြားတယ်လေ"

     "ဟ,  ကြားရင်လဲနည်းနည်းပါးပါးအဲလိုမခေါ်ရဘူးလို ကလေးတွေကိုချော့ပြီးပြောဦးလေ သူများကြားမကောင်းဘူး!"

      "ဪ, ဟုတ်လား သူများကြားမကောင်းဘူးလား ရိုးအရက်သောက်လာလို့ နေ့တိုင်းအရိပ်နဲ့စကားများနေရတာကြတော့ သူများကြားကောင်းတယ်ပေါ့ ပြောစမ်းပါဦး!"

     အရိပ်ပြောရင်စိတ်တိုကာ ရိုးကိုအော်ပစ်လိုက်သည်။ တခြားမကြည့်နဲ့အခုပဲကြည့်လေအလုပ်ကပြန်လာတယ်ပြောပေမဲ့ ရိုးဆီကအရက်နံတွေရနေ၏။ အလုပ်ကအပြန်အရင်ဆုံးအရက်ဆိုင်ဝင်သောက်ပြီးမှအိမ်ကသားသမီးနဲ့ယောကျ်ားကိုသတိရလို့ ပြန်လာပုံဖြစ်ပြီး၊ မဟုတ်ရင်အရက်ဆိုင်ကိုအိမ်လိုမျိုးများလုပ်နေမလား မသိတော့။

     "အရိပ်! မင်းတော့ကွာ!"

     "ဘာဖြစ်လဲ! ဘာဖြစ်ချင်တာလဲ! ပြောဆက်ပြောလေ!"

( သူကြီးသမက် )  CompletedWhere stories live. Discover now