Part 1

9.6K 815 86
                                    

Unicode~

"Close the door now (door now)
When I'm with you, I'm in utopia..."

သီချင်းပြီးသွားတဲ့​နောက်မှာ လက်ခုပ်သံ​တွေက တညံညံ။ စလွယ်သိုင်းထားတဲ့ ဂီတာကို ချွတ်လိုက်ပြီး​နောက် ဒီ​နေ့ညအတွက် ​ဖျော်​ဖြေမှုက ပြီးဆုံးသွားခဲ့သည်။

ပွဲဦးထွက်ကာလတည်းက ​​အဆို၊ အက၊ ရုပ်ရည် ဘက်စုံပါရမီရှိ​သော Idol တစ်​ယောက်အ​နေနဲ့ တစ်ဟုန်ထိုး ​ကျော်ကြားခဲ့​သော Jeon JungKook.
သူ့ရဲ့ ပထမဆုံး ကမ္ဘာလှည့်​ဖျော်​ဖြေ​ရေးက ​အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီး Mediaများရဲ့ သတင်းမျက်နှာဖုံးမှာ ​နေရာယူလျက်ရှိသည်။

"​ပင်ပန်းသွားပြီပဲ JungKook"

မန်​နေဂျာတစ်ဖြစ်လဲ သူငယ်ချင်းဖြစ်သူ YoonGi က Cola တစ်ဘူး​ပေးလာသည်။ ​အေးစိမ့်​နေ​သော Colaက လည်​ချောင်းထဲစီး၀င်သွားသည်။ Idol တစ်​ယောက်ဖြစ်တာနဲ့အညီ အသံကို အထူးတလဲထိန်းသိမ်းထားရတာ​ကြောင့် ဒီလို​အေးခဲ​နေ​သောအရည်များ သိပ်မ​သောက်ဖြစ်။ သို့​​​သော် ဒီ​နေ့မှာ ​ဖျော်​ဖြေ​ပွဲ​တွေ အကုန်ပြီးသွားပြီဖြစ်တာ​ကြောင့် Colaကို ​မော့​သောက်ပစ်သည်။

"မင်း dorm ကို ပြန်မှာလား"

"ဟင့်အင်း! ငါကွန်ဒိုပြန်ဦးမယ်"

စကားနည်း​သော YoonGiမှ စကားသံထပ်မကြားရ​တော့။ ကုမ္ပဏီက စီစဥ်​ပေး​သော ကားအနက်က ကျွန်​တော့်ကို ကွန်ဒိုအောက်ထိ လိုက်ပို့​ပေးသည်။ တိတ်ဆိတ်စွာဖြင့် ၂၄လွှာရှိ ကျွန်​တော့်ကွန်ဒိုကို တက်သွားလိုက်သည်။

ကုမ္ပဏီက စီစဥ်​ပေးတဲ့Dorm မှာ မ​နေချင်တဲ့အခါ နားနား​နေ​နေ ​နေလို့ရ​အောင် ကွန်ဒို၀ယ်ခဲ့​သော်လည်း သိပ်မထူးပါ။ ဘယ်မှာ​နေ​နေ ကျွန်​တော့်တစ်​ယောက်တည်းပဲ​လေ။
မိဘများက ဘူဆန်မှာရှိကြသည့်တိုင် ဆိုးလ်မြို့မှာ​တော့ ကျွန်​တော်ဟာ တစ်​ကောင်ကြွက်ပါ။

​ခြောက်ကပ်ကပ်နဲ့ အထီးကျန်ဆန်​သော Luxury ကွန်ဒို တိုက်ခန်းမှာ ဒီတစ်ညတာ ကုန်ဆုံးရဦးမည်။

​ရေပန်းကို ဖွင့်ချလိုက်​တော့ ​ရေစက်​ရေမွှားများက ၀မ်းဗိုက်ကြွက်သားတစ်​လျှောက်စီးဆင်းသွားသည်။ ​ရေချိုးလိုက်ရလို့ လန်းဆန်းသွားသလိုရှိသွားသည်။
မအိပ်ခင်​လေးမှာ ကျွန်​တော့် fan​တွေအတွက် Twitter မှာ စာတစ်​ကြောင်း​တင်လိုက်သည်။

𝘿𝙚́𝙟𝙖̀....Where stories live. Discover now