1

2.8K 208 28
                                    

Unicode....

(မှတ်ချက်!!
ဤficတွင်ပါဝင်သောအကြောင်းအရာများသည်မည်သည့်သမိုင်းကြောင်းနှင့်မျှသက်ဆိုင်ခြင်းမရှိသလိုမည်သည်ကိုမျှထိခိုက်စော်ကားလိုခြင်းမရှိပါ
စိတ်ကူးယဉ်ဇာတ်လမ်းမျှသာဖြစ်ပါသည်)

Carmineအရောင်တွေဟာရဲရင့်ခြင်းကိုပြသလို
ိသွေးရောင်တွေလွှမ်းခဲ့တဲ့Adanoစက်မှုမြို့တော်ကြီးရဲ့ပန်းချီကားကြီးတစ်ချပ်လည်းဖြစ်ခဲ့သည်။

နီရဲရောင်ဇာပဝါတွေ
ငွေရောင်တစ်လက်လက်ဓားမြောင်ပေါ်ကသွေးစက်တွေ
တောက်လောင်နေတဲ့မီးတောက်နီနီတွေကြား
Carmineတွေဟာအလှဆုံးဖြစ်နေခဲ့သည်။

Carmineတွေဟာရက်စက်သည်။
သွေးအေးသည်။အသက်မဲ့သည်။
သို့ပေမယ့်ချစ်တတ်ခဲ့ပါသည်။

အမြဲလိုလိုမီးခိုးငွေ့တွေနဲ့ဖုံးလွှမ်းနေတတ်တဲ့စက်မှုမြို့တော်ကြီးဟာအခုချိန်မှာCarmineတွေနဲ့ဖုံးလွှမ်းခဲ့ပြီ...။

____.....

"ချကွာ.."

Adanoခေါ်စက်မှုမြို့တော်ကြီး
တစ်နည်းအားဖြင့်စက်မှုလက်မှုတိုးတက်ဆဲကာလ
1820ခုနှစ်တွေခန့်က...
မီးခိုးငွေ့တွေတလူလူထနေသောမြို့တော်ကြီး၏တရားမဝင်နေရာတစ်ချို့ရှိလူများ...

"အကုန်လောင်း"

အပွင့်အချပ်လေးများပါသောကဒ်များနှင့်အန်စာတုံးများဟာစားပွဲဝိုင်းပေါ်တွင်ပြန့်ကျဲလျက်။
အပိုအဖြစ်ဘေးနားကပိုက်ဆံအထပ်လိုက်အားလည်းဖော်ပြရမည်ဖြစ်သည်။
စားပွဲ၏ထိပ်ဆုံးတွင်ထိုင်နေသောအမျိုးသားတစ်ယောက်သည်ဖဲကဒ်တွေအပေါ်မှာပဲအာရုံရှိနေသည်။

"မဖြစ်နိုင်တာ မင်းမှာလောင်းစရာပိုက်ဆံကျန်နေသေးလို့လား"

"ငါဆိုတဲ့Jeonမှာဘာကမှမဖြစ်နိုင်စရာမရှိဘူး ဒါနဲ့လောင်းမယ်"

ဝတ်ထားသောတန်ဖိုးကြီးနာရီကိုပစ်ချပေးလိုက်ကာ
ဆေးတံကိုခပ်မိုက်မိုက်ထိုင်သောက်ပြနေလိုက်သည်။
Jeonဆိုတာဒီလိုလူမျိုးပဲ
ဖခင်ဖြစ်သူကမြို့စားမင်းဖြစ်သည့်အပြင်တဇွတ်ထိုးတဇောက်ကမ်းနိုင်သောသူဖြစ်သည်။

Carmine(Completed)Where stories live. Discover now