" ငါကကွာ... ဂဏန်းဟင်းလေး စားချင်တယ် ပြောတာကို... မစားရဘူးလေး ဘာလေးနဲ့ သူငါ့ကို အရမ်း ချုပ်ချယ်တယ် အဟင့်... "

ငိုမဲ့မဲ့လေးနှင့် ခေါက်ဆွဲအေးတစ်လုပ်ကို ပါးစပ်ထဲ ထည့်လိုက်သည့် Seokjin သည် သူများအမြင်တွင်တော့ လုံးဝ သနားစရာကောင်းနေလိမ့်မည်။

-----------------------------------

" ပြောပါဦးးး ပြသာနာက ဘယ်လိုတက်တာလဲ "

မပြောမပြီး မတီးမမြည် ဆိုသလို Hoseok ကဘဲ သူ့ရှေ့က မှောက်တော့မယ့်​ဆဲဆဲ Namjoon အား မေးလိုက်သည်။

" ဟိုတလောက ငါတို့ပင်လယ်တူတူသွားတယ် ဆိုတာ မှတ်မိလားးး "

ထိုသို့ အစချီကာ နှစ်ယောက်သား ပင်လယ်တွင် နေဝင်ချိန်တူတူ ထိုင်ကြည့်နေသည့် အချိန်ကို ပြောပြလိုက်သည်။

~~~ပြန်လည်ပြောပြခြင်း~~~

ပင်လယ်ကြီးကို အတားအဆီးမရှိ ဘေးချင်းယှဥ်ကာ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာမူထားသော ကောင်လေးနှစ်ယောက်...

" ဘာစားမလဲ Hyung "

" မင်း အဆင်ပြေတာ မှာလိုက် "

Puppy eyes လေးကိုမှ မူပိုင် အပြုံးသေးသေးလေး ထည့်ကာ ပြောတော့ Kim Namjoon တို့ ကြွေရချည်ရဲ့...

" ညီလေး ဒီကို တစ်ချက်လောက် "

Namjoon က စားစရာမှာနေတုန်း Seokjin ကတော့ သဘာဝတရားထက် သဘာဝတရားကြိုက်သော ချစ်ရသူ ကိုသာ ငေးနေမိသည်။ သဘာဝကြီးက ကိုက်စားရတာမှ မဟုတ်တာ...

ဒီနေ့က သူတို့ရဲ့ 1 Month Anniversary လေ... ရှေ့က ပြတ်လိုက်ဆက်လိုက်တွေကို ပေါင်းရင် 3 နှစ်ကျော်နေပြီဆိုပေမယ့်ပေါ့... ဒီတစ်ခေါက်တွဲခြင်းက 17 ခေါက်မြှောက်ပြန်တွဲကြခြင်း...

" Hyung နေလုံးကြီးကို ကြည့်လိုက်... "

Namjoon စကားကြောင့် Seokjin လည်း ကြည့်လိုက်သည်။

" ဝါးးးး နေဝင်တာ မြန်လိုက်တာ... "

" အင်းးးး မသိရင် နေလုံးကြီးက ပင်လယ်ထဲ ရေဆင်းငုပ်နေသလိုဘဲနော်... "

သဘာဝတရားကို ချစ်တတ်သူပီပီ ကဗျာဆန်ဆန် အဖွဲ့အနွဲ့လေးတွေနှင့် Namjoon က ပြောလိုက်ပါသော်လည်း Seokjin ပြန်ပြောလာသည့် စကားမှာ..

Little World Όπου ζουν οι ιστορίες. Ανακάλυψε τώρα