ပုံမှန်ပိတ်ရက်တွေဆိုလဲ အခန်းထဲအောင်းပြီး တကုပ်ကုပ်နဲ့အလုပ်လုပ်တတ်တဲ့နန့်ငယ်က အခုလဲ သူ(မ)ရဲ့ရှည်သွယ်တဲ့လက်ချောင်းလေးတွေကို laptopရဲ့ keyboard ပေါ်၌ တတောက်တောက်နှင့် ပြေးလွှားရင်း အလုပ်လုပ်နေပြန်သည်။နန့်ငယ်အနားကို တရွေ့ရွေ့တိုးကပ်သွားရင်း နန့်ငယ်ရဲ့ ခါးသိမ်သိမ်လေးကို အနောက်မှနေ၍ လက်အစုံဖြင့်တိုးဝှေ့ဖက်ကာ နန့်ငယ်ပုခုံးပေါ်သို့ ခေါင်းလေးမှီတင်ရင်း နွယ်ဟာ သခင်အနားကိုအတင်းလိုက်ကပ်တတ်တဲ့ ကြောင်ပေါက်လေးတစ်ကောင်လို ချွဲနေမိသည်။
''ဒီနေ့ကပိတ်ရက်ဆိုတော့ နန့်ငယ် ဘယ်သွားစရာရှိသေးလဲဟင် ''
နန့်ငယ်ရဲ့ လည်ပင်းစပ်ကြားလေးကို နှာခေါင်းထိပ်ဖျားလေးဖြင့်တိုးဝှေ့ကျီစယ်ရင်း နွယ်မေးမိတော့ Keyboard ပေါ်မှာ ပြေးလွှားနေတဲ့ နန့်ငယ်ရဲ့လက်ချောင်းရှည်သွယ်သွယ်လေးတွေဟာ တိကနဲရပ်သွားပြီး နွယ်ရှိရာသို့ စောင်းငဲ့ကြည့်လာသည်။
''ဘယ်မှသွားစရာမရှိပါဘူး...mine ဘယ်သွားချင်လို့လဲ ပြောလေ နန့်ငယ်လိုက်ပို့ပေးမယ်...''
နန့်ငယ်စကားကြောင့် နွယ့်ရဲ့မျက်ဝန်းညိုညိုလေးတွေက လက်ခနဲဖြစ်သွားပြီး ပျော်ရွှင်ရိပ်တို့ကြီးစိုးသွားရသည်။
''တကယ်လားဟင်....တကယ်လိုက်ပို့မှာလား.....''
နန့်ငယ်အရှေ့သို့ ဆွေ့ခနဲသွားကာ သေချာအောင်မေးကြည့်မိတော့ နန့်ငယ်က နွယ့်ရဲ့နီညိုရောင်ဆံပင်လေးတွေကို ခပ်သာသာလေးဆွဲဖွရင်း သဘောတကျရယ်သည်။
''တကယ်ပေါ့ mineရဲ့....mineက ဘယ်သွားချင်လို့လဲ နန့်ငယ်ကိုပြောပါဦး...''
''အင်း.....ဒါဆိုရင် နန့်ငယ်နဲ့အတူတူ စျေးဝယ်ထွက်ချင်တယ်...... ''
နွယ့်စကားကြောင့် နန့်ငယ်က အနည်းငယ် အံ့သြသွားဟန်ပင်။
''စျေးဝယ်ထွက်မလို့လား....mine ကလိုချင်တာတွေရှိလို့လား...''
''တခြားလိုချင်တာမရှိပါဘူး....စျေးဝယ်ထွက်မယ်ဆိုတာကလဲ ဒီနားက mini marketတစ်ခုကိုသွားပြီး ဟင်းချက်စရာလေးတွေဝယ်ချင်လို့....တို့တွေ အတူတူနေလာတာပဲကြာပြီ တစ်ခါမှအတူတူဟင်းမချက်ဖူးဘူးလေ...အဲ့ဒါ နန့်ငယ်နဲ့ အတူတူဟင်းချက်ပြီး ထမင်းအတူတူစားချင်လို့....''
VOCÊ ESTÁ LENDO
VINE(Completed)
Ficção GeralAbout a girl who deserves all the love and affection Start Date- 22 October 2021 End Date-5 January 2022