Ep 37

15.3K 1.4K 629
                                    

Taehyung ဒီနေ့လည်းထုံးစံအတိုင်းစိုက်ခင်းကိုရောက်နေသည်...သူတို့ဘေးအိမ်ကကလေးမလေးက စတော်ဘယ်ရီလာဝယ်နေတာကြောင့် Taehyung ခူးပေးနေခြင်းဖြစ်သည်..ထိုကလေးမလေးကိုတော့ အနားယူတဲ့အိမ်လေးထဲမှာခနစောင့်ခိုင်းထားသည်..

"ကိုကိုထယ်ယောင်း.."

"Youngလေး ဘာလို့လိုက်လာတာလဲ "

"ဟို...ကိုကိုထယ်ယောင်းရဲ့အသိရောက်နေလို့လာပြောတာ သူ့ကိုအဲ့မှာစောင့်ခိုင်းထားတယ် "

(ဟမ်...ငါ့အသိ Jerry တော့မဟုတ်နိုင်ဘူး..Jihoon များလား)

"ယောကျာ်းလေးလား "

"ဟုတ်တယ်ကိုကိုထယ်ယောင်း..ပြီးတော့လေအဲ့ဦးလေးကြီးလက်မှာတက်တူးတွေနဲ့ "

"တက်တူး?"

(What the fuck...Jungkook လို့တော့မပြောနဲ့နော်...မဖြစ်နိုင်ပါဘူး သူကငါ့ဆီဘာလို့လာမှာလဲ ငါနေတဲ့နေရာကိုလည်းသိမှမသိတာ)

ဘယ်သူနေနေ Taehyung မတွေ့ဖို့ဆုံးဖြတ်လိုက်သည်..Jungkook ဖြစ်နိုင်တဲ့ရာခိုင်နှုန်းနည်းရင်တောင်ပေါ့..

"ကိုကိုဒီမှာမရှိဘူးလို့ပြောလိုက် Youngလေး"

"ဟုတ်ကဲ့ "

Young လေးခနကလူရှိတဲ့အနားယူအိမ်လေးထဲပြန်ဝင်လာခဲ့သည်...ထိုလူကြီးကသန့်သန့်ပြန်ပြန့်နဲ့မိမိုက်ကာချောနေပေမယ့်သူမမျက်လုံးထဲမှာတော့ ကိုကိုထယ်ယောင်းကသာအချောဆုံးပင်...

ထိုင်နေတဲ့ထိုလူကြီးနားကိုYoung လေးသွားလိုက်ပြီး...

"ဦးလေးကြီး...ကိုကိုထယ်ယောင်းကသူ မရှိဘူးလို့ပြောခိုင်းလိုက်တယ် "

"သူကအဲ့လိုပဲပြောတာလား "

"ဟုတ်တယ်...အဲ့တာကြောင့်ဦးလေးကြီးပြန်တော့ "

"မပြန်ပါဘူးဘာလို့ပြန်ရမှာလဲ..ငါအဲ့ကိုသွားလိုက်မယ် "

"မရပါဘူး...အဲ့နေရာကိုမိသားစုဝင်တွေပဲသွားခွင့်ရှိတာ"

Youngလေးက ထိုလူကြီးရှေ့ပိတ်ရပ်ကာပြောလိုက်သည်...

"မင်းကကျတော့ရော..မင်းကသူနဲ့ဘာတော်တာမို့လို့လဲ "

My Boyfriend is a Villain 😈(Complete)Where stories live. Discover now