ပြောရင်းနဲ့ပင် ဒေါသက ထွက်လာသည့် Leo ကြောင့် ဘုန်းဘေဘီပဲ စိတ်လျှော့လိုက်တယ် ။

" ဟုတ်ပြီ မင်း ဒေါသမထွက်နဲ့ ကိုယ်တို့ အေးဆေးပြောကြမယ် "

" ခင်ဗျား က ကျုပ်ကို ဒေါသထွက်အောင် လုပ်နေတာလေ ဘုန်းဘေဘီ ။ ကျုပ်ကို ထားမသွားပါနဲ့ လို့ ပြောတုန်းကလည်း ထားသွားတယ် ။ ပြန်တွေ့ပြန်တော့လည်း ခင်ဗျားက  မမှတ်မိဘူး ။ ကိစ္စ လေး ရှိလို့ ကျုပ် LA ကို ပြန်တဲ့ခဏမှာပဲ ခင်ဗျားက စေ့တောင် စပ်ပြီးပြီ ပြောကြည့် လေ ဘုန်းဘေဘီ ကျုပ် ဘယ်လောက်တောင် ဒေါသထွက်ရလဲလို့ "

" မင်း ကိုယ့်ကို  လာမအော်နဲ့ ကြီးမြတ်ကုဋေချီ  "

" ခင်ဗျား ကျစ်   !!! တော်ပြီ လက်စွပ်ရွေးတော့ ဘုန်းဘေဘီ "

သူတို့အနား Owner အမပြန်ရောက်လာကာ ဘုန်းဘေဘီ လက်နဲ့ လိုက်ဖက်မယ့် ဟာလေးတွေကို တစ်ကွင်းပြီး တစ်ကွင်းထုတ်ပြပေးလာသည်။

" ဒီ လက်စွပ် အစုံတစ်ထောင်လုံး ခင်ဗျား လက်နဲ့ ရော ကျုပ်လက်နဲ့ရော  တိုင်းပြီး order မှာထားတာ ဘုန်းဘေဘီ အဲ့တော့ ခင်ဗျား ကြိုက်တာ ရွေးပါ "

" အကုန်လုံး ကြိုက်တယ် ကြီးမြတ်ကုဋေချီ ဒါပေမဲ့ ကိုယ် ဘယ်ဟာ ယူရမလဲ မသိဘူး  "

အကုန်လုံး က ဝတ်လိုက်ရင် လှနေတဲ့ ဟာတွေချည်းပဲ ဆိုတော့ ဘုန်းဘေဘီတစ်ကယ်မရွေးတတ်ပါ ။

" အင်း ကျုပ် သိတယ် အဲ့တော့ အကုန်ယူမှာလား "

" မင်း ရွေးပေး မင်းရွေးပေးတာ ကိုယ် ယူမယ် "

" ခဏ ခင်ဗျား လက်ပေး ကျုပ်ရွေးပေးရင် အနုအယွတွေ မရဘူး နော် "

" သိတယ် တအားတော့ စျေးမကြီးနဲ့ ကိုယ်က နမော်နမဲ့နိုင်လို့ ပျောက်သွားရင် ပြန်မဝယ်ပေးနိုင်ဘူး "

ဘုန်းဘေဘီ ပြောလိုက်တဲ့ စကားကြောင့် Leo မေးရိုးများတင်းနေအောင် အံကြိတ်ထားမိသည်။

လက်ထပ်လက်စွပ်တစ်ကွင်းကိုတောင် ခင်ဗျား သေချာမထိန်းသိမ်းနိုင်ဘူး ဆိုရင်တော့ ကျုပ်ဒေါသတွေကအစိုးရမှာမဟုတ်ဘူး ဘုန်းဘေဘီ ။

" ပျောက်သွားရင် ခင်ဗျားကို လုပ်သတ်ပြစ်မှာနော် ဘုန်းဘေဘီ နမော်နမဲ့ကတခြားနေရာမှာနိုင်လို့ရတယ် ကျုပ်နဲ့ ပက်သတ်လာရင်တော့ မရဘူး "

Baby of the billionaireWhere stories live. Discover now