Thaw-4 / EP-41

1.7K 132 74
                                    

(Unicode)

စိတ်မကောင်းခြင်းများစွာနဲ့ ကျောခိုင်းသွားသော လူတစ်ယောက်။ ဖြစ်ပေါ်လာသော ရင်ထဲက ဟင်းလင်းပြင်။ ဒါကို နောင်တလို့ ခေါ်သလား။ တိုင်းကမ္ဘာ အခန်းထဲက ထွက်သွားသည်။ မိုးညို မတားဖြစ်ပါ..၊ သူ့ကိုမြင်ရတိုင်း စိတ်ရောကိုယ်ပါ လေးလံလာတတ်သည်။ ဒီခံစားချက်ကို မိုးညို အဓိပ္ပာယ်် မဖွင့်တတ်..။

"ယောက်ဖ ဒါ မင်း ငယ်ငယ်က သုံးခဲ့တဲ့ ပစ္စည်းတွေတဲ့၊ အမေ ရွေးထည့်ပေးလိုက်တာ"

"မမြင်ဖူးဘူး"

"ဒါ ညီညီ ရှစ်တန်းတုန်းက ပစ္စည်းတွေမလား၊ တော်တော်များများက ကိုတိုင်းပေးထားတာတွေပဲ၊ ညီညီ သိမ်းထားမှန်း ကိုကိုတောင် မသိဘူး"

ကိုကို့ယောကျာ်း သယ်လာတဲ့ ပစ္စည်းတွေက မနည်းမနောပါ။ ကြည့်နေရင်းနဲ့ ခံစားချက်တွေက ကိုယ့်အရာကို သူများအရာလို့ ထင်နေသလိုမျိုးပဲ။ လူကြီးဖြစ်နေပြီမို့ ထင်ပါရဲ့..၊ မိုးညို ပူဆာချင်ခဲ့တဲ့ ပစ္စည်းလေးတွေ လက်ထဲရောက်လာတာတောင် ရင်မခုန်..။ အနီရောင် ပြိုင်ကားကွန်ပါဘူးက လွဲလို့ပေါ့။ နီတီတီလေးက မိုးညို မျက်စိထဲမှာ ထင်းထွက်နေသည်။

"ဒါလေးက လှလိုက်တာ"

"ကွန်ပါဘူးလေးလေ၊ ကိုတိုင်း လက်ဆောင်ပေးတာ၊ ညီညီ ကြိုက်လွန်းလို့ သိမ်းထားခဲ့တာကို ကိုကို မှတ်မိတယ်"

"ငါက သိမ်းထားတယ်"

ခေါင်းညိမ့်ပြနေတဲ့ ကိုကို့က မယုံချင်စရာကောင်းလိုက်တာ။ မိုးညိုဆိုတာ အရမ်းကြိုက်ရင် ဒုန်းချသုံးပစ်တတ်သူပါ။ အခုကျ တယုတယသိမ်းထားတယ်တဲ့လား။

"ကွန်ပါဘူးလေးကတော့ သနားပါတယ်၊ ခေါ်သူမရှိတော့ မျက်နှာငယ်နေပြီ"

"အား.. ခေါင်းကိုက်လိုက်တာ"

"ညီညီ ဘာဖြစ်လို့လဲ ငါ ဆရာဝန်ခေါ်လိုက်မယ်"

"ရတယ် ကိုကို ဘာမှမဖြစ်ဘူး"

"ဟား.. ယောက်ဖက မခေပါ့လား၊ သီချင်းစာအုပ်တောင် ရှိတာပဲ"

ကိုကို့ယောကျာ်းကြောင့် ခေါင်းကိုက်နေတဲ့ကြားက ထရီရသေးသည်။ မိုးညို ကြီးလာရင် သီချင်းရေးမယ်ဆိုပြီး ကြွေးကြော်ခဲ့ဖူးသည်။ ရင်တွင်းမဖြစ်သော်လည်း သီချင်းတော့ ရေးနိုင်ခဲ့တာပဲ။ ဆယ်ကျော်သက် ရွှေမိုးညိုက တကယ်မလွယ်ကြောပါ့လား။

4.ညိုခဲ့လေသော် / ညိုခဲ့လေသော် (Completed)Where stories live. Discover now