ကျန်းရှုက သူ့ဘက်လှည့်ကာ အထက်စီး ဆန်စွာ  အထင်သေးတဲ့ အသံ နဲ့ပြောလိုက်တယ်။

ဒါပေါ့ သူပြောတာ အမှန်ဆုံးပဲ ဖြစ်ရမှာ!

ဒါက ဘာကြောင့် သူက ဒီလူလိမ်ရှုကောင်ကို လက်ထပ်ရ သလဲ ဆိုတဲ့ အဓိက အကြောင်းပြ ချက်ပဲ။

ဟွန့် အဲ့လူလိမ်ကောင်ကြီး က သူကျင့်သားရနေတဲ့ လွတ်လပ်တဲ့ ဘဝ ကနေ ရုတ်တရက်ကြီး ဒီလို အံဩ စရာကောင်း လောက်အောင် လက်ထပ် စာချုပ်နဲ့ အချုပ်နှောင်ခံ လိုက်ရမယ်လို့ လုံးဝ မထင်ထား လောက်ဘူး!

စပရိုက်ကွ!

စပရိုက် မဖြစ်သွားဘူး လား! !

ဟားဟားဟားဟား !!!

ကျန်းရှုက အရမ်းကို ပျော်နေခဲ့တယ်။ သူ့ရဲ့ အတွေးတွေ ထဲမှာ ရှုပေါ်စု ကို ရှင်းလင်းရေး လုပ်ပစ်လိုက်ဖို့ အသစ်ဖြစ်နေခဲ့ပြီ။

ရှု သားရဲကောင်ကြီး!  ခများ ပြဿနာ တစ်ခု ရှာကြည့်လိုက်စမ်းပါ ။ ခများကို ရိုက်ချိုးပြီး အိမ်ထဲ ထည့်ထားမယ်။ ပြီးတော့ အိမ်အပြင်ပြန်မထွက်နိုင်အောင် အရေခွံနွှာပစ်မယ် ဟမ့်!

" အခု မင်း ဘယ်ကိုသွားနေတာလဲဟင် ''

ရှုပေါ်စုကတော့ ရှုပ်ထွေးနေတဲ့ သူ့အတွေးတွေကို အဝေးကို ပို့လိုက်ပြီး မေးလိုက်တယ်။ သူအစကတော့ မပြောရဲပါဘူး။ ဒါပေမယ့် သူ့ပါးစပ်က မထိန်းနိုင်ပဲ မေးမိသွားတာပဲ ဖြစ်တယ်။

" များသောအားဖြင့် ခများက ဘယ်နေရာမှာ အနေများတာလဲ? "

ကျန်းရှုက ရုံးတံခါးဝနားမှာ ရပ်လိုက်ပြီး ငါက အိမ်ဦးနတ် အိမ်ရဲ့ အရှင်သခင် ကွ ဆိုတဲ့ စတိုင်ကြီး ထုတ်ကာ မေးလိုက်တယ် ။

" လမ်း XX က တိုက်ခန်း မှာနေတာ...''

ရှုပေါ်စုက တန်းပြီး ပြန်ဖြေ လိုက်တယ်။

သူပြောတဲ့ နေရာက ဇိမ်ခံတိုက်ခန်းတွေ ရှိတဲ့ အိမ်ယာ ဆိုတာကို ကျန်းရှု ရုတ်တရက် မှတ်မိသွား တယ်။ လက်ထပ်ပြီးစီး ကြပြီ ဆိုတော့လည်း သူ့ရဲ့ မိသားစု အနေနဲ့ သူ့နောက်မှာ ရှုပေါ်စု ရှိလာ ခဲ့ပြီပဲ ဖြစ်တယ်။

" ကောင်းပြီလေ။ ကျွန်တော်တို့ အခုလက်ထပ် ပြီးပြီ ဆိုတော့ ကျွန်တော်က ခများ အိမ်ကို လိုက်နေမယ် ''

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now