Part (21)

2.6K 78 0
                                    

Unicode

ချစ်ခြင်းများဖြင့်ပြောင်းလဲစေခဲ့သော

Part  (21)

ဦးလှအေးလည်း ဆုလတ်အကြောင်းတွေး၍ စိတ်ပျက်ပျက်ဖြင့်သာ ဧည့်ခန်းထဲထိုင်နေစဥ် တခုခုကိုသတိရလာဟန်ရှိသောကြောင့် ထိုင်ရာကနေ အမြန်ထလိုက်ပြီး အိမ်ပေါ်သို့ ပြေးတက်သွားလေသည် ။ ဦးလှအေး အိမ်ပေါ်ထပ်သို့တက်သွားပြီး ခနအကြာမှာပင် အော်သံစူးစူးကြီးကြားလိုက်ရသည့်အတွက် နောက်ဖေး မီးဖိုးချောင်ဝင်နေသည့် ဒေါ်ခွန်းရှိန်မှာတော့ လန့်သွား၍ ဦးလှအေးရှိရာသို့ အမြန်တက်သွားတော့မှ အပေါ်ရောက်လျှင်ရောက်ချင်း ယုတ်မာလှပါပြီဆိုတဲ့ ဂိုဏ်းခေါင်းဆောင်ကြီးဟာ ကုတင်ခြေရင်းနားမှာ ငူငူငိုင်ငိုင်ကြီးထိုင်၍ မိမိခေါင်းကိုပါလက်နှစ်ဖတ်ဖြင့်ဆုတ်ကိုင်ထားသေးသည် ။ ထိုမြင်ကွင်းကိုမြင်လိုက်ရသည့် ဒေါ်ခွန်းရှိန်ကတော့ လန့်သွားကာ ယောကျ်ားထိုင်နေသည့်နေရာသို့ အမြန်သွားရင်း

'' ယောကျ်ား ဘာဖြစ်လို့လဲ... ''

ဒေါ်ခွန်းရှိန်၏အသံကြားမှ ဦးလှအေးလည်း ခေါင်းငိုက်စိုက်ထားရာမှ အမြန်ထောင်လာပြီး

'' သွားပြီ အားလုံးသွားပြီ ''

ဦးလှအေး၏ပြောစကားတခွန်းချင်းစီတိုင်းက ဒေါ်ခွန်းရှိန်အား မျက်လုံးပြူးစေသည်မှာအမှန်ပင်ဖြစ်လေသည် ။

'' ဘာသွားတာလဲ ''

ဒေါ်ခွန်းရှိန်းပြောလိုက်မှ ဦးလှအေးလည်းထိုင်နေရာမှ အမြန်ထလာ၍ အိပ်ယာဘေးနားမှာရှိသည့် မီးခံသေတ္တာကိုသွား၍ လက်ညိုးညွှန်ပြကာ

'' ဒီထဲမှာထည့်ထားတဲ့ အိမ်စာချုပ်တွေ ၊ ကုမ္ပဏီ စာချုပ်တွေနဲ့ ဒီထပ်ပိုပြီး ရှင်းရှင်းပြောရရင်တော့ ဒီအိမ်နဲ့ ဒီ ကုမ္ပဏီကို ငါ့နာမည် လွှဲပြောင်းဖို့လုပ်ထားတဲ့ စာချုပ် အသစ်လည်း မရှိတော့ဘူး... ''

ဦးလှအေးပြောလိုက်မှ ဒေါ်ခွန်းရှိန်လည်း ပြာပြာသလဲ ဖြစ်သွားပြီး အမြန်ထိုမီးခံသေတ္တာနားသို့သွားကာ စာချုပ်များကို လှန်လှော်၍ရှာနေလေတော့သည် ။ ဘယ်လောက်ပဲရှာရှာ နောက်ဆုံးတကယ်ပင်မတွေ့တော့သည့်အတွက်

ချစ်ခြင်းများဖြင့်ပြောင်းလဲစေခဲ့သော (Completed )Where stories live. Discover now