Chapter - 11.1 [Zawgyi]

Bắt đầu từ đầu
                                    

ကလေးလေးကအရမ်းကိုမှပျော်ရွှင်လို့သွားခဲ့ပြီးစိတ်လှုပ်ရှားမှုအပြည့်ပါဝင်တဲ့မျက်နှာလေးဖြင့်ကမန်းကတန်းလေးပြောလိုက်သည်။ " ဒါဆိုမေမေသားအကျီလဲဖို့အဝတ်အစားနဲ့သွားတိုက်ဖို့ခွက်သွားယူလိုက်ဦးမယ် စောင့်နေနော်။ " ထို့နောက်သူကအခန်းထဲသို့ပြေးဝင်သွားခဲ့သည်။

ကလေးလေးထွက်သွားပြီးနောက်လင်ချင်းချင်းမသိစိတ်ကခေါင်းလှည့်ကြည့်မိလိုက်တော့ရီဇီယန်အနားမှာရပ်နေသည်ကိုသူမတွေ့လိုက်ရသည်။ သူမကအနည်းငယ်ရှက်ရွံ့စွာပြုံးကာခေါင်းဆတ်ပြလိုက်သည်။ သူအခန်းထဲပြန်သွားချင်သည်ဟုသူမထင်ခဲ့သော်လည်းခဏအကြာတွင်တောင်သူကမထွက်သွားသေးတာကြောင့်ယခုသူမပို၍ပင်ရှက်လာခဲ့သည်။

" မင်းရှောင်ယွမ်ရဲ့စကားကိုနားမထောင်ပါနဲ့။ အခြေအနေကိုအခွင့်ကောင်းယူမယ့်လူမရှိပါဘူး ပြီးတော့အခွင့်ကောင်းယူဖို့ဘယ်သူမှလဲအခွင့်အရေးရမှာမဟုတ်ဘူး။ "

"အာ?" လင်ချင်းချင်းအနည်းငယ်စိတ်ရှုပ်သွားခဲ့သော်လည်းသေချာတွေးကြည့်တဲ့အခါတွင်ရှောင်ယွမ်သူမအားယခင်ကပြောခဲ့သည့်စကားကိုသတိရသွားခဲ့သည်... အဲ့ဒီ့အန်တီတွေကအခြေအနေကိုအခွင့်ကောင်းယူကြလိမ့်မှာ။

"မေမေကသာဖေဖေနဲ့ရင်းရင်းနှီးနှီးမနေရင်အဲဒီအဒေါ်တွေကအခြေအနေကိုအခွင့်ကောင်းယူချင်ကြမှာ၊ သားတခြားမေမေတွေကိုမလိုချင်ဘူး"

"ဖေဖေနဲ့မေမေအတူတူအိပ်ကြ။ တခြားကလေးတွေရဲ့မိဘတွေကလည်းအတူတူအိပ်ကြတယ်။"

ဒါကတကယ်ကြီးဖြစ်ခဲ့…

ဒါနဲ့ဘာဖြစ်လို့သူကသူမကိုတိတိကျကျလာရှင်းပြနေရတာလဲ?

လင်ချင်းချင်းအလွန်စိတ်မသက်မသာဖြစ်သွားကာအနည်းငယ်ကိုးရိုးကားရားနိုင်စွာပြုံးလိုက်ပါသည်။ "ကျွန်... ကျွန်မသိပါတယ်"

ကံကောင်းစွာနဲ့ပဲရှောင်ယွမ်ကမကြာခင်မှာပဲထွက်လာခဲ့ပြီးလင်ချင်းချင်းကသူ့အဝတ်အစားတွေကိုအမြန်လဲဖို့ကူညီပေးခဲ့ပြီးသူ့လက်ကိုကိုင်ကာအခန်းထဲကိုချက်ချင်းဝင်သွားခဲ့ပါတယ်။ သူမတံခါးပိတ်လိုက်ပြီးမှပဲစိတ်သက်သာစွာသက်ပြင်းတစ်ချက်ချလိုက်တယ်။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Nơi câu chuyện tồn tại. Hãy khám phá bây giờ